Wednesday, October 3, 2012

ADSL

ADSL စံနစ်ရဲ့အဓိကအားသာချက်ကတော့ ရှိပြီးသား တယ်လီဖုံးလိုင်း ပေါ်မှာ High Speed Data သွားနိုင်တာဖြစ်ပါတယ်၊ တယ်လီဖုံးလိုင်းလို့ဆိုရာမှာ Analog (Cross-Bar), Digital မည်သည့် PSTN တယ်လီဖုံးလိုင်းနှင့်မဆို အသုံးချနိုင်ပါတယ်။ လက်ရှိအိတ်ချိန်းရဲ့ အမျိုးအစားကို မှီခိုမှုမရှိသလို လက်ရှိတည်ဆောက်ထားတဲ့ တယ်လီဖုံးစံနစ်ကို ဖျက်သိမ်းဖို့ ပြောင်းလဲဖို့လဲ မလိုအပ်ပါဘူး၊ စံနစ်တစ်ခုကို စတင်တဲ့အခါ အရင်ရှိပြီးသား စံနစ်အဟောင်းတွေဟာ ပြစ်ရမှာလဲ အဆီတဝင်းဝင်း စားရမှာလဲ သဲတရှပ်ရှပ်ဆိုသလို Service Provider တွေအတွက် ခေါင်းခဲစရာ ဖြစ်ရလေ့ရှိပါတယ်၊ လက်ရှိ PSTN တယ်လီဖုံးနည်းပညာဟာ နိုင်ငံတကာမှာတောင် မဖယ်ရှားနိုင်သေးတဲ့ သက်တမ်းအရှည်ဆုံး နည်းပညာပါ၊ DSLဟာ လက်ရှိအိတ်ချိန်းနက်ဝပ်မှာ internet ပေါင်းစပ်အသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့အတွက် ISP တွေရဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာပါတယ်၊

အေဒီအက်စ်အယ်လ်အဓိပ္ပါယ်

ADSL ရဲ့ အရှည်ကတော့ Asymmetric Digital Subscriber Line ပါ၊ Asymmetric လို့သုံးထားထာကတော့ ADSL လိုင်းရဲ့ Uplink နဲ့ Downlink Speed တွေမှာ Downlink Speed က ပိုများတဲ့အတွက်ပါ၊ ADSL ကိုအသုံးပြုပြီး Downlink Speed 12 Mbps  နဲ့  Uplink Speed 1 Mbps အထိရရှိ နိုင်ပါတယ်၊ Internet အသုံးပြုကြရာမှာ ပုံမှန်အသုံးပြုသူတွေအနေနဲ့ Uplink data ထက် Download data ကပိုများလေ့ရှိပါတယ်၊ ဒါကြောင့် ADSL စံနစ်မှာပိုမိုအကျိုးသက်ရောက်မှုရှိအောင် Uplink ထက် Downlink speed ကများနေရခြင်းဖြစ်ပါတယ်၊ အခြား Upstream နဲ့ Downstream Speed တူတဲ့ DSL နည်းပညာတွေလဲ ရှိပါသေးတယ်။

ဒီအက်စ်အယ်လ်နည်းပညာမိတ်ဆက် (DSL Technology Introduction)


ဒီအက်စ်အယ်လ်နည်းပညာမိတ်ဆက် (DSL Technology Introduction)
ဒီနေ့ Broadband နည်းပညာတွေမှာ Broadband Wireless နဲ့ Fixed Line ဆိုပြီး နှစ်ခုကွဲပြားလာပါတယ်.. Fixed Line မှာ ISDN, xDSL, Cable Modem, Fiber စတဲ့နည်းပညာတွေ အသုံးပြုကြပါတယ်၊ တချို့နည်းပညာတွေမှာ Speed, Bandwidth, Technology  အရအားသာချက်တွေရှိပေမယ့် ဈေးနှုံးကြီးမြင့်မှုကြောင့် မိသားစုသုံးနိင်ဖို့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါကြောင့် နည်းပညာနဲ့ဈေးနှုံးအရ အားသာချက်တွေရှိတဲ DSL Technology ကို Home Used အဖြစ်ရွေးချယ်စရာ ဖြစ်လာပါတယ်။
DSL Technology (Digital Scriber Line) မှာ xDSL ( ADSL, SDSL, HSDSL, VDSL, RADSL, ADSL2+) ဆိုပြီး ကွဲပြားခြားနားချက်တွေ ရှိပါတယ်။ နည်းပညာတစ်ခုထဲအပေါ်မှာအခြေခံပြီး Bandwidth, Speed, Application, Coverage Distance စတာတွေပေါ်မှာ အခြေခံပြီး ကွဲပြားသွားတာဖြစ်ပါတယ်၊ ဒီအထဲကမှ အသုံးအများဆုံး ADSL အကြောင်းကိုရေးပါရစေ။

No comments:

Post a Comment