Monday, October 1, 2012

အခုဆိုရင် iOS မှာ Jailbreak ပြုလုပ်ရတာ
အရမ်းကိုလွယ်ကူလာပါပြီ
အမျိုးမျိုးသော tutorails တွေနဲ့အတူ အင်တာနက်ကနေ
ဘယ်သူမဆို jailbreak ပြုလုပ်နည်းလမ်းတွေနဲ့ မိမိအိမ်မှာပဲ
ပြုလုပ်နိုင်ပါတယ်။
ဒါပေမဲ့ ပြသာနာအနည်းငယ်လေးတွေရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ မိတ်ဆွေရဲ့ iOS device ကို
jailbreak ပြုလုပ်တဲ့အခါ မထင်မှတ်တဲ့ ဖြစ်တက်တဲ့ Unknow error လေးတွေ
ရှိတက်ပါတယ်။
အဲအတွက် jailbreak ပြုလုပ်တဲ့အခါ မထင်မှတ်တဲ့ Unknow error လေးတွေ
မဖြစ်အောင် ဖြေရှင်းပေးထားတဲ့ နည်းလမ်းလေး အောက်မှာ တဆင့်စီ ဖော်ပြပေးထားပါတယ်။
အခုပို့စ်လေးက ပုံစံအမျိုးမျိုးနဲ့ မိတ်ဆွေတို့ jailbreak ပြုလုပ်တဲ့အခါ ဖြစ်တက်တဲ့ Unknow error ဖြေရှင်းနည်း
နှင့် Jailbreak ပြလုပ်တဲ့အခါ DFU Mode ကိုမ၀င်တက်တဲ့သူတွေအတွက်
ရည်ရွယ်ပြီး မျှဝေပေးထားတာပါခင်ဗျာ။
အခုအောက်မှာ ဖော်ပြပေးထားတဲ့ Error လေးတွေက မိတ်ဆွေတို့
jailbreak ပြုလုပ်တဲ့အခါ ဖြစ်တဲ့ Error အများစုလေးပါ။
– Black Screen
– Stuck at Apple logo
– Stuck at Pineapple Logo
– Stuck at connect to iTunes
– iTunes Error 21,2005 or 3194
အခုနည်းလမ်းလေးနဲ့ အထက်မှာ ဖော်ပြပေးထားတဲ့ Error တွေကိုပြန်ပြီးဖြေရှင်းပေးနိုင်ပါတယ်။
- iTunes ကိုပြန် ဖြုတ်ပြီး install ပြုလုပ်ပေးပါ။ အခု error က iTunes ကြောင့်လဲ
ဖြစ်တက်ပါတယ်။
- မိတ်ဆွေရဲ့ iDevice ကို DFU သို့ပြောင်းပါမယ်။ DFU သို့ပြုလုပ်ဖို့အတွက် နည်းလမ်းပြထားပေးပါတယ်။
- “Home Button ” ကိုဖိထားပါ ပြီးလျှင် ” Powr Button ” ကို 10 Second ဖိထားပါ။
- ” Powr Button ” ကိုလွှတ်ပြီး ” Home Button ” ကို 10 Second ဖိထားပါ။
- မိတ်ဆွေရဲ့ device ကို PC နဲ့ ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်စဉ်မှာ Home button ကို
ဆက်လက်ဖိထားပေးပါ ။
- iTunes က မိတ်ဆွေရဲ့ iDevice ကို Recovery mode အနေနဲ့ detect သိရှိသွားပါလိမ့်မယ်။
အခုဆိုရင် iTunes မှ restore button ကို Shift Key နှင့်တွဲနှိပ်ပြီး မိတ်ဆွေရဲ့ iDevice ကို
မိတ်ဆွေ အသုံးပြုချင်တဲ့ firmware ကို restore ပြုလုပ်နိုင်ပါတယ်။
အခုနည်းလမ်းကတော့ မိတ်ဆွေ iDevice ကို jailbreak ပြုလုပ်တဲ့အခါဖြစ်တက်တဲ့ error အများကို
ဖြေရှင်းလို့အောင်မြင်တဲ့ နည်းလမ်းလေးပါ။ လိုအပ်လို့ အခြား error များဖြစ်ခဲ့လဲ ဖြေရှင်းဖို့
အောက်မှာ command ပေးပြီးရေးသားခဲ့နိုင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ် :)

No comments:

Post a Comment