Tuesday, November 20, 2012

net work ချိတ်တက်ချင်သူတွေတွက်ပါ

မျှဝေမယ် Twitter Facebook
Views: 6..
..
Comment by HANMYOZAW on မေ 3, 2011 at 8:30am
Mediafire ကနေယူချင်ရင် တော့ ဒီမှာပါ..
......
Comment by HANMYOZAW on မေ 2, 2011 at 5:28pm  သူငယ်ချင်း စာက  ms word နဲ့ ပဲရေးထားတော့ သူတို့ က မမြင် ကြရဘူးထင်တယ်  ပုံတွေက ကြီးနေတော့  မမြင်ရတာဖြစ်နေမှာပါ pdf လေးလုပ်တင်ရင် အဆင်ပြေမှာပါ၊ ကျနော်မြင်ရပါတယ် ms office 2010 သုံးရင်တော့  pdf  ဖိုင်အနေ နဲ့ ပါသိမ်းလို့ ရတော့ ပိုအဆင်ပြေပါတယ် ကျနော် သူငယ်ချင်း post ကို pdf လုပ်ပြီးပြန်တင်ပေးလိုက်ပါတယ် ဒီနေရာမှာ   ဒေါင်းလုပ်နိုင်ပါတယ်
ဒီအတိုင်းပဲ ဖတ်ချင်ရင်တော့...
ဒီအတိုင်းပဲ ဖတ်ချင်ရင်တော့
Network ချိတ်ဆက်တာလေးနဲ့ ပတ်သတ်တာလေးတွေပါ။
Jan 13, '11 7:15 PM
for everyone


ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card




















ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။ နောက်တ ခုကတော.



























ပါ ။ RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။

ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော. A Type
(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ. B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။
































ဒီ၂ ခုအကြောင်း တရားကိုပဲ အရင်ရှင်းရရင် ...
ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။


အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။



နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေါတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။
ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။





















Switch ရဲ.သဘော တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ. အိမ်နံပါတ်ဘယ်လောက် ၊ ဘယ်လောက်ကို လာတဲ.ဧည်.သည် က ကိုယ်.ဘာသာ ကိုယ်ရှာပြီး သွားလို.ရအောင် ပြထားတဲ.သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော. Switch နဲ.ကွာခြားချက်တွေရှိပါတယ် ။ သူ.မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို.အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော. ရောက်ရှိလာတဲ. နက်ဝက် ရဲ. Speed ကို ပြန်ပြီး Routing အနေနဲ. တိုးပေးပါတယ် ။ အဲ.အတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော. ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို.မူများရှိရင်တော. မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ.ဧည်.သည် ကို အိမ်တိုင်ရာရောက်လိုက်ပို.ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။ (ရှင်းလားတော. မသိဘူး ... အပီား ဒီထက်လဲ မရှင်းတတ်တော.ဘူး )


ကဲသူငယ်ချင်းရေးထားတဲ့ စာကို ဖတ်လို့ လူအများအကျိုးရှိပါစေ........
p.s ကျနော် ဘာတစ်ခုမှ ပြင်ဆင်ခြင်း ဖြည့်စွပ်ခြင်းမရှိပါ.... အားလုံး မူရင်ရေးသူအတိုင်း copy လုပ်ပြီးပြန်တင်ပေးခြင်းမျှသာ ဖြစ်ပါတယ်....
pdf ဖိုင်းလဲ အတူတူပါ .... ကျနော် mediafire ကနေpdf ကိုတင်ထားပါတယ် ဒေါင်းလို့ အဆင်မပြေသူများ ကျနော့်ဆီမှာ ရယူနိုင်ပါတယ် .... အခုလို ကိုသိသလောက်ကို ရေးသားပြီးအများ အတွက်လုပ်ဆောင်သောသူငယ်ချင်းကိုကျေးဇူးတင်ပါတယ်
နောက်ထပ် နည်းပညာများဖြန့်ဝေနိုင်ပါစေ...

Sunday, 16 October 2011

ကိုယ်ပိုင် FTP Server ဖန်တီးခြင်း

Network နှင့်ပတ်သက်လို့  ကိုယ်ပိုင် FTP(File Transfer Protocol)လေး တစ်ခု ဆောက်ခြင်း
ဒီ FTP ဆိုတဲ့ Protocol ကိုမိမိစက်မှာ တည်ဆောက်ကြရအောင်ယ..

အောက်ပါအတိုင်း လုပ်ကျရအောင်
၁၊  Windows installation CD တစ်ချက်ရှိရမည်၊
၂၊  Public IP ဖြစ်ရမည်(192.168. နှင့်စသော IP များမဖြစ်ရပါ)၊
၃၊  Harddisk အနည်းဆုံး 80 or 160 Gb ရှိရမည်။
၎၊ Memory(RAM) က အနည်းဆုံး 512MB ရှိမည်။(နှေးမယ်) 1or 2 GB လောက်မှ normal အလုပ်လုပ်မယ်။
၅၊ Windows လိုအပ်ချက်-XP
၆၊ Windows တင်မထားတဲ့ Partition (ကျွန်တော်တို့ တော်တော်များများက C: မှာ windows တင်ထားတယ်)
    ဆိုတော့ D drive, စတဲ့ Partition မှာ FTP server ဆိုပြီး foler အသစ်ဖွင့်ပါ။


Setup ကိုအောက်ပါအတိုင်း...
- CD Rom ထဲတွင် Windows XP installation CD ထည့်ထားပါ၊(ကိုယ့်တင်ထားတဲ့ Windows CD ပေါ့)
- Start -Settings-Control panel- add/remove programs ကိုဖွင့်ပါ။
- ဘယ်ဘက်က Add/remove Windows Components ကို Click နှိပ်ပါ။
- Components box ကျရင် Scroll bar ဆွဲပြီး Internet Information Services(IIS) ကို Select မှတ်ပြီး
- Details ကို Click ပါ။
- ပြီးရင် File Transfer Protocol(FTP)Service ကို Select မှတ် Ok နိုပ်ပါ။
- Next ကိုဆက်နိုပ်ပြီး loading ပြီးအောင်စောင့် ပြီးရင် Finish ကိုနှိပ်ပါ။

Configuration လုပ်ခြင်း
- Control panel ထဲက Administrative Tools ဖွင့်
- Internet Information Services ကိုရှာပြီးဖွင့်
- ဘယ်ဘက်အခြမ်းထဲက Tree pane မှာ
+ ပုံလေးနဲ့ မိမိcomputer name ကိုတွေ့ ရင် Click
+ ပုံလေးနဲ့  FTP Sites ကိုတွေ့ ရင်ထပ် click
Default FTP Site ကို right click နိုပ် New > FTP Site ကို Click
Welcome wizard ကျလာရင် Next ကိုနိုပ်
Description box ထဲမှာ နှစ်သက်ရာအမည်ပေး Next ကိုနိုပ်
IP address နဲ့ Port က default အတိုင်းထား Next ကိုနိုပ်
Do not isolate users ကိုရွေး Next ကိုနိုပ်
မိမိစက်တွင်းရှိ FTP folder တည်ဆောက်ထားတဲ့ လမ်းကြောင်းကို ရွေး Next ကိုနိုပ်
Read ရော write ရော အမှန်ခြစ်ပေး Next ကိုနိုပ်
Finish ကို နိုပ် ဒါဆို FTP Server တည်ဆောက်တာ ပြီးပါပြီ
- မိမိ အနေနှင့် အခြားသူအား ဖိုင်ပေးလိုလျင် မိမိတည်ဆောက်ထား သော Folder အတွင်းသို့  Copy and Paste လုပ်ပေးရုံသာဖြစ်သည်၊
- အခြားသူများမှ မိမိ၏ဖိုင်အား လိုအပ်လျှင် သူတို့ ၏ address bar ၌ မိမိ၏ IP အမှတ်ရှေ့ တွင် ftp://…. ဟူ၍(ဥပမာ- ftp://165.123.12.2)ရိုက်ထည်ြ့
ပီး enter ခေါက် ရြုံဖင့် မိမိ၏ folder ပွင့်လာပြီး လိုအပ်သော files များအား အလွယ်တကူ ယူနိုင်မည်ဖြစ်ပါသည်။

ဘာသာပြန် (Sbsangpi(စံပီး))

Thursday, 29 September 2011

ASP.Net 2.0 Fundamentals မြန်မာ EBook

ASP.Net 2.0 Fundamentals မြန်မာ EBook

ကျွန်တော် Asp.Net 2.0 Fundamentals EBook ကို ဘာသာပြန် မျှဝေပေးချင်တာ ကြာပါပြီ။ အခုတော့ အဆင်ပြေလွယ်ကူစွာ ပြီးဆုံးခဲ့တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ ဒီ EBook ထဲမှာ Asp.Net 2.0 နဲ့ ပတ်သက်ပြီး လိုတိုရှင်း ထိမိစွာ ဘာသာပြန် ပေးထားပါတယ်။ Asp.Net ကို စိတ်ဝင်စား သူများအတွက် တကယ့် လက်တွေ့မှာ လိုအပ်မယ့် အကြောင်းအရာ တွေကိုပဲ စုစည်း ဖေါ်ပြ ပေးထားပါတယ်။ ဒီ EBook မှာ Asp.Net နဲ့ C#.Net ဘာကွာလဲ ? အစရှိတဲ့ မေးခွန်းမျိုးကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ EBook တွင်ပါဝင်သော အကြောင်းအရာ များကိုလည်း လိုအပ်ပါက Update ပြုလုပ် ပေးသွားမည် ဖြစ်ပြီး အကြံပြုလိုသည်များ ရှိပါကလည်း Comment ပေးထားခဲ့နိုင်ပါတယ်။
အင်တာနက်ကို အချိန်ပြည့်သုံးရန် ခက်ခဲသူများအတွက်ပါ ရည်ရွယ်ပြီး EBook ဖြင့် မျှဝေပေးထားပါကြောင်း
အောက်က Link မှာ Download ရယူပါ ။

Wednesday, 14 September 2011

Wireless ချိတ်ပြီး network သုံးကြရအောင်

Wireless ချိတ်ပြီး network သုံးကြရအောင်

Wireless LAN ချိတ်ဆက်အသုံးပြုမည်ဆိုပါက အကြမ်းအားဖြင့် နည်းလမ်းနှစ်သွယ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။……
  1. Ad Hoc (Peer)Network
  2. Infrastructure mode (AP )
စသည့် နည်းလမ်းနှစ်သွယ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။…..
Wireless ချိတ်ဆက်အသုံးပြုမူသည်… Wire ဖြင့် ချိတ်ဆက် အသုံးပြုရာတွင်…အသုံးပြုသော… Share file, folders, drivers, printer, etc. စသည့် service များအတိုင်း အသုံးပြု နိုင်ပါသည်။
What should I prepare?
ပထမဦးစွာ… သင့် သည် wireless adapter အသုံးပြု ပြီး ချိတ်ဆက် မည် ဆိုပါက Wireless adapter ကို အရင့်ဆုံးစစ်ဆေးသင့်သည်။…. Wireless adapter သည် 802.11a adapter or 802.11b adapter or 802.11g or 802.11n စသည် မည်သည့် version ဖြစ်ကြောင်း အရင်စစ်ဆေးသင့်သည်။ 802.11n သည် ကျန်သည့် version များနှင့် Backward compatible ဖြစ်ပါသည်။

စာအပြည့်အစုံကို pdf file ဖြင့်ဖော်ပြထားပါသည်။
Blog တွင် စာလုံးရေ ကနု့်သတ်ထားပါသောကြောင့် upload တင်ပေးလိုက်ပါသည်။

အားလုံးအဆင်ပြေကြပါစေ

Saturday, 3 September 2011

ကွန်ပျူတာအခြေခံ အပိုင်း (၆)


ကွန်ပျူတာအခြေခံ အပိုင်း (၆)

ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…
သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်…
ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…
မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…
နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…

INTRODUCTION TO NETWORKS

A network is a group of connected computers that allow people to share information and equipment.

Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…



Types of Networks
Network အမျိုးအစားများ

Local Area Network
A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.

Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…

ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…

Wide Area Network
A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.

Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သိုးမဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…

Network Advantages
Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Work Away From Office
When traveling or at home, you can connect to the network at work to exchange messages and files.

မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…

Share Information
Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.

Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်…
ဆိုလိုတာကတော့ လွမ်းတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…

Share Equipment
Computers connected to a network can share equipment, such as a printer or modem.

Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…



ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…



Network Administrator
A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.

Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…

Network Applications
Network အသုံးပြုပုံများ

Electronic Mail
You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.

Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်…
Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်…
အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country.
A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.

Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်…
Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်…
ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…

Parts of a Network
Network ရဲ့ အစိတ်အပိုင်းများ

Network Traffic
Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.

Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…

Hub
A hub is a device that provides a central location where all the cables on a network come together.

Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…

ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…



Network Interface Card
A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.

Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…

Cables
Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic.
Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.

Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်…
အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်…
၁။ Cables-coaxial
၂။ Unshielded Twisted Pair (UTP)
၃။ Shielded Twisted Pair (STP)
၎။ Fiber-optic
Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…

How Information is Stored
သတင်းအချက်အလက်များ သိမ်းဆည်းပုံ

Peer-To-Peer Network
All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer.
A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.



Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်…
Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်…
၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…

Manage Files
Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.

ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်…
Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ…
ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…

CLIENT/SERVER NETWORK
All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer.
A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.


Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်…
Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…

Server
The server is the central computer that stores the files of every person on the network.

Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…

Manage Files
All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.

ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…

Client
A client is a computer that can access information stored on the server.

Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…

Intranet
An intranet is a small version of the Internet inside an office.

မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်…
Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…

ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…

ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…

The Internet is the largest computer network in the world.

အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ…

Thursday, 1 September 2011

Network အကြောင်းလေ့လာချင်သူတွေအတွက် E-Book စာအုပ်လေးပါ။

Network အကြောင်းလေ့လာချင်သူတွေအတွက် E-Book စာအုပ်လေးပါ။

Network အကြောင်းလေ့လာချင်သူတွေအတွက် ကျွန်တော့်တို့ရဲ့အစ်ကို တစ်ယောက်
တင်ပေးထားတဲ့ Network စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ Internet Connection
Sharing ပေးတဲ့နည်းအပါအ၀င် အခြားသော ဗဟုသုတဖြစ်ဖွယ် စာအုပ်လေးများကိုလည်း...
တင်ပေးထားပါသေးတယ်ခင်ဗျာ.။
လိုချင်သူများ အောက်မယ်ပေးထားပါတယ်။ယူလို့ရပြါ
ပီ။

To Download Click Here..

NET Framework Version 4.0


.NET Framework Version 4.0


.NET Framework Version 4.0 | 48.11MB


Image and video hosting by TinyPic




သူကတော့ logo design သမားတွေအတွက်ပါ . logo ကို အလန်းလေးတွေ လုပ်ချင်ရင်တော့ ဒီကောင်လေးနဲ့ လိုသလို လုပ်လို့ရတဲ့အပြင် ready made ဒီဇိုင်းတွေကိုပါ တစ်ခါတည်း ရွေးချယ်လို့ရမှာပါ . company logo design တွေကိုလဲ ခဏလေးနဲ့ လုပ်လို့ရမှာပါ . ကဲအောက်မှာ တင်ပေးထားပါတယ် . အဆင်ပြေတဲ့ Link ကနေ သာ download လုပ်လိုက်ပါ .




isa server မြန်မာ ebook



isa server ပြုလုပ်ပုံ movie ရှင်းပြချက်

Part 1 | Part 2

Wednesday, 31 August 2011

အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း

အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း
(၁) Cable Length : လက်ရှိအသုံးများတဲ့ ကွန်ပြူတာ network cable များဟာ twisted pair wire Categories 5 အမျိုးအစားဖြစ်ပြီး Cable တစ်ချောင်းကို မီတာ ၁၀၀ ထက် ပိုရှည်လို့ မရပါဘူး။
(၂) Connector : RJ 45 – 4 pairs (8 wires)
RJ 11 – 2 pairs (4 wires)
ဝါယာ ရှစ်ခုပါ RJ 45 သည် ကွန်ပြူတာ အတွက် ဖြစ်ပြီး၊ ၀ါယာ လေးခုပါ RJ 11 သည် ဖုန်းနှင့် ချိတ်ဆက်ရန် အတွက် ဖြစ်ပါတယ်။
Lan Cable Head & Modem Cable Head RJ 45 for LAN & WAN , RJ 11 for Dial Up Modem
(၃) Color code : twisted pair cat 5 ကြိုးတွင် ၀ါယာရှစ်ခုပါဝင်ပြီး နှစ်ပင်ပူးစီ လိမ်ထားသော အတွဲလေးတွဲ ပါသည်။ အပြာဖြူကြား နှင့် အပြာတွဲ၊ လိမ္မော်ဖြူကြားနှင့် လိမ္မော်တွဲ၊ အစိမ်းဖြူကြားနှင့် အစိမ်းတွဲ၊ အညိုဖြူကြားနှင့် အညိုတွဲ တို့ဖြစ်သည်။ color code သည် network cable အတွက် အရေးကြီးသဖြင့် အောက်ပါအတိုင်း မှတ်သားထားပေးပါ။
Order Of String
(အတိုကောက်အနေနဲ့ BOGBr ဟုမှတ်ပါ။ B=Blue, O=Orange, G=Green, Br=Brown ဟု အတွဲလေးတွဲ အစဉ်လိုက်ဖြစ်ပြီး၊ အဖြူကြားမှ စ၍ အရောင်ကြိုးမှာ ဆုံးတယ်။ အတွဲ ၁၊ ၂၊ ၃၊ ၄ ကို ဤနည်းဖြင့် မှတ်သားထားပါ။)
(၄) Ping assignment : အသုံးပြုနိုင်သော network cable တစ်ခုဖြစ်ရန် အတွက် connector တွင် ထည့်သွင်း စီစဉ်ရသော pin assignment နှစ်မျိုးရှိပါတယ်။
(က)  T-568A (type A)
(ခ)    T-568B (type B)
(က) Type A (T-568A)       : pin assignment စီစဉ်မှုတွင် အတွဲ ၁ မှ ၄ သို့ အစဉ်လိုက် အစား အတွဲ ၃၊ ၁၊ ၄ ဟုစီပြီး၊ ၃ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၂ ကို စီလိုက်ပါ။


(ခ) Type B (T-568B) : pin assignment စီစဉ်မှုသည် Type A ၏ အတွဲ ၂ နှင့် ၃ ကို နေရာပြောင်းလိုက်ရုံသာ ဖြစ်သည်။ ထပ်ရှင်းရလျှင် အတွဲ  ၂၊ ၁၊ ၄ ကို စီပြီး ၂ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၃ ကို စီလိုက်ပါ။



(၅) Cable type : ကွန်ပြူတာနှင့် ဆက်စပ်အသုံးပြုရန် cable အမျိုးအစား နှစ်မျိုးရှိသည်။
(i)  Straight-through Cable
(ii) Cross Cable
(i)            Straight-through Cable အမျိုးအစားသည် pin assignment တူတူချင်း စီစဉ်ကာ connector တပ်ဆင်ထားခြင်း ဖြစ်သည်။ ထပ်ရှင်းရလျှင် cable တစ်ခု၏ ထိပ်နှစ်ဘက် စလုံးကို type A ချည်းသာ (သို့မဟုတ်) type B ချည်းသာ Straight-through Cable ဟု ခေါ်သည်။ (၎င်း cable အမျိုးအစားကို path cable ဟုလည်းခေါ်ပြီး ကွန်ပြူတာမှ hub (သို့မဟုတ်) Switch သို့ ချိတ်ဆက်ရာတွင် အသုံးပြုသည်)
(ii)           Cross cable အမျိုးအစားသည် Type A နှင့် Type B ကို တစ်ဖက်စီ တပ်ဆင်ထားသော cable ပင် ဖြစ်သည်။ (crossover cable ကို hub အချင်းချင်း၊ switch အချင်းချင်း နှင့် ကွန်ပြူတာ နှစ်လုံး တိုက်ရိုက်ချိတ်ဆက်ခြင်းများတွင် အသုံးပြုသည်)
မှတ်ချက်။ ထို cable အမျိုးအစား နှစ်ခုကို ခွဲခြား သိလိုပါက cable ၏ ထိပ်နှစ်ဖက် ဖြစ်သော connector နှစ်ခုကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ pin စီစဉ်ထားမှု အရောင်များ တစ်ထပ်တည်း တူညီပါက Straight-through ဖြစ်ပြီး၊ မတူညီပဲ A-B ဖြစ်နေပါက cross cable ဖြစ်သည်။
(၆) Making Network Cable : ရှေ့တွင်ဖော်ပြပြီး အချက်(၅)ချက်သည် သိရှိရန်ဖြစ်ပြီး ယခု အချက်များသည် လိုက်ပါလုပ်ဆောင်ရမည့် အချက်များဖြစ်သည်။ တနည်းဆိုရသော် ကြိုးတစ်ချောင်း ရရန် ယခုမှပင် စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
အဆင့် (၁) Cable Cutter : မိမိဆက်သွယ်ချိတ်ဆက်မည့် အရာနှစ်ခု၏ အကွာအဝေးအတိုင်း လိုအပ်သလောက်သာ ကြိုးကို ဖြတ်တောက်ပါ။ အမှားအယွင်း ရှိခဲ့ရင် ပြင်ဆင်ပြုလုပ်နိုင်ဖို့ အနည်းငယ်တော့ ပိုဖြတ်ထားဖို့ လိုပါတယ်။ ဒါပေမယ့် မမေ့ဖို့က မီတာ ၁၀၀ ထက် မပိုရ။
Cable Cutter
အဆင့် (၂) Striper : Cable အစွန်းနှစ်ဖက် စလုံးကို အထဲမှာ ပါတဲ့ ၀ါယာအရောင်များ ကွဲပြားစွာ မြင်နိုင်ဖို့ အခွံနွှာ ပစ်ရပါမယ်။ တစ်လက်မခွဲခန့် အပေါ်ယံ (jacket) ကို နွှာပစ်ရမှာဖြစ်ပြီး၊ အထဲမှ ၀ါယာများ မပေါက်ပြဲစေရန် ဂရုပြုပါ။ ပေါက်ပြဲ ပွန်းရှ ခဲ့ရင် ထိုနေရာမှ စ၍ ညှပ်ပစ်ပြီး နောက်သို့ ဆုတ်၍ strip ပြန်လုပ်ပါ။
အဆင့် (၃) Spread the wire : cable ကို အပေါ်ယံ jacket နွှာလိုက်ပါက twisted pair ဖြစ်သည့်အတွက် နှစ်ပင်ပူးစီ လိမ်ထားတာကို တွေ့ရပါလိမ့်မယ်။ strip လုပ်ထားတဲ့ အရင်းမှ ကိုင်ပြီး မိမိပြုလုပ်မယ့် အမျိုးအစား (type A (or) type B) အတိုင်း ၀ါယာကြိုး အရောင်ကို စီတန်းလိုက်ပါ။ ပြီးနောက် connector အတွင်းသို့ ထည့်သွင်းရန် လက်မ၀က် ခန့်သာ ချန်ပြီး အဖျားပိုင်းကို ညှပ်ပစ်ပါ။
အဆင့် (၄) Connector အတွင်းသို့ ထည့်သွင်းခြင်း : ညှပ်ပြီးသော ၀ါယာ (၈) စကို connector ထဲသို့ ထည့်ပါ။ ၀ါယာစီတန်းမှုအတိုင်း connector တွင်း တစ်ချောင်းစီ ထည့်သွင်းကာ ထိပ်ထိ ညီအောင် ပြုလုပ်ပါ။ ၀ါယာ (၈)ချောင်းသည် connector အဆုံးတွင် ညီနေမှသာ connector အပေါ် pin နှင့် ဆက်သွယ်မှု ရှိမှာဖြစ်ပါတယ်။ strip လုပ်ထားသည့် အရင်းသည် connector အတွင်းတွင် ရှိနေရမည်ဖြစ်ပြီး plunger နေရာထိ jacket ရောက်နေရမှာ ဖြစ်ပါတယ်။

အဆင့် (၅) crimping : crimp ပြုလုပ်ခြင်းသည် network cable ပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ connector ခေါင်း နှင့် cable ကြိုး ချိတ်ဆက်မှု မြဲမြံအောင် crimping tools (crimper) ကို အသုံးပြု၍ ဖိညှပ်ခြင်း ဖြစ်ပါတယ်။ crimper မကောင်းပါက connector ပျက်စီးတတ်ပါတယ်။
Crimper ကို connector အမျိုးအစား သတ်မှတ်ပြီး ထုတ်သလို၊ အားလုံးအတွက် ပြောင်းလဲ အသုံးပြုနိုင်အောင် ဘလောက်တုံး အရှင်များဖြင့်လည်း ထုတ်ပါတယ်။ (အခုနောက်ဆုံး အသုံးများတဲ့ crimper တွေမှာ cutter, striper တွေပါ သုံးနိုင်အောင် ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အဲလို crimper မျိုးတစ်ခုဆောင်ထားရုံနဲ့ cable လုပ်လို့ရပါပြီ)
RJ 45 connector ကို crimp လုပ်မှာဖြစ်လို့ 8 pin ဘလောက်တုံး (RJ 45 crimper) ကို ရွေးချယ်တပ်ဆင်ပါ။ connector ကို crimper အတွင်းတွင် နေရာတကျ ဖြစ်အောင် ထည့်လိုက်ပါ။ connector ကို သေချာထည့်သွင်းပြီးတာနဲ့ တချက်တည်း အဆုံးထိရောက်အောင် အားစိုက် ဖိညှစ်ပါ။ crimper တွေဟာ connector အတွက် လိုအပ်တဲ့ နေရာတွေမှာပဲ သက်ရောက်မှု ရှိအောင် ပုံစံထုတ် ထားတာဖြစ်တဲ့အတွက် နေရာထား မှန်ကန်ရင် ပျက်စီးမှု မရှိပါဘူး။
Crimper ဖိညှစ်ခြင်းကြောင့် အားသက်ရောက်မှု ရှိသွားတဲ့ နှစ်နေရာက အောက်က ပုံအတိုင်းဖြစ်ပါတယ်။ ၁ မှာ pin အတွက် ဖြစ်ပြီး၊ ၂ မှာ jacket ပေါ် plunger ဖြင့် ဖိထားလိုက်ခြင်း ဖြစ်ပါတယ်။
ထိုဖိအားကြောင့် ၀ါယာ (၈) ခု ပေါ်မှ insulator ကို ဖောက်ပြီး connector ပေါ်ရှိ pin (conductor) များနှင့် တစ်သားတည်း ဖြစ်သွားပါတယ်။ strip လုပ်ထားတဲ့ ပမာဏ ရှည်နေရင် plunger ဟာ jacket ပေါ်မရောက်ပဲ ၀ါယာတွေပေါ် ရောက်နေလိမ့်မယ်။ အဲဒါဆိုရင် မြန်မြန်ပျက်တာတို့၊ error ဖြစ်တာတို့ ကြုံလိမ့်မယ်။
ဖော်ပြခဲ့ပြီး အဆင့်အားလုံး အောင်မြင်စွာ လုပ်ဆောင်ပြီးပြီဆိုရင် ဒီနည်းအတိုင်းပဲ cable နောက်တစ်ဖက်ကို connector တပ်ဆင်လိုက်ပါ။
ပြုလုပ်ပြီး cable ကောင်း/မကောင်း စမ်းသပ်ရန်အတွက် cable tester များကို အသုံးပြုနိုင်ပါတယ်။ Straight-through နှင့် crossover ကို LED မီးသီးများ ကြည့်ခြင်းဖြင့် ခွဲခြား သိနိုင်ပါတယ်။ (professional မဟုတ်ဘူးဆိုရင်တော့ မလိုပါဘူး။ စက်မှာတပ်ကြည့်ရင် သိနေတာပဲ)
ကေဘယ်ကြိုး ပြုလုပ်ခြင်း နဂိုးချုပ်ပါပြီ။ တဆင့်ပြီး တဆင့် ဆက်ရေးသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

Network Share ကိုခေါ်လို့မရဘူးလား။ အသံတွေပျောက်နေသလား။

ကျနော်တို့ အင်တာနက်ဆိုင်တွေ အတော်များများမှာ ကြုံဖူးကြမှာပါ။ အဲဒါက ဘာလဲဆိုရင် ကျနော်တို့ Share ပေးထားတဲ့ဖိုင်တွေကို လှမ်းခေါ်ယူလို့မရတာတို့။ အသံတွေမကြားရတာတို့ပေါ့။ အဲဒါမျိုးတွေဖြစ်လာပြီဆိုရင် တော်တော်လေးကို ဆိုးပါတယ်။ စက်တွေက တဖြည်းဖြည်းနဲ့လေးလာမယ်။ Internet Connection ကလဲ တဖြည်းဖြည်းနဲ့လေးလာမယ်ပေါ့ဗျာ။ နောက်ဆုံး System ပိုင်းတွေ ပျက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို ပြန်ပြန်ပြီး Window Services ကနေ ပြန်ပြီးတော့ ပြင်လိုက်ပြန်ရင်လဲ ပြင်တုန်းခဏပဲရပါတယ်။ ဆိုင်အတော်များများကတော့ Defreeze ဆော့ဖ်ဝဲတို့တင်ထားကြပါလိမ့်မယ်။ ဒါပေမယ့်လဲ အဲဗိုင်းရပ်စ် ၀င်ပြီဆိုရင် အပေါ်က ကျနော်ပြောခဲ့သလို အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အတွက်ကြောင့် ကျနော်က အားလုံးအဆင်ပြေအောင်ဆိုပြီး ခုလိုလေး အကြံဥာဏ်ပေးပါရစေ။
ကိုယ်ကတော့ လိုက်ပီး ပြင်ပေးနေဦးမယ်ဆိုရင်တော့ Window Services ကနေ ပိတ်ထားတာတွေကို ပြန်ပြီး ဖွင့်လိုက်ရင် ရပါတယ်။ ဒါပေမယ့်လဲ အဲလိုလိုက်လိုက် ပြင်ပေးနေရတော့ အချိန်ကုန်တာပေါ့။ ဒါကြောင့်မို့ ခု ကျနော်ပြောသလိုလေး လိုက်လုပ်ပေးချင်ပါတယ်။ ပထမဆုံး အောက်က Zip ဖိုင်လေးကို ဒေါင်းလိုက်ပါ။

https://sites.google.com/site/tnoaamm/GenericHostForWin32ErrorClean...

ပြီးလို့ရင် အဲထဲမှာပါတဲ့ jpeg ဖိုင်လေးကို အရင်ဖွင့်ကြည့်ပါ။ အဲမှာခိုင်းတိုင်းအတိုင်း တဆင့်ချင်းလိုက်လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

တခုတော့ သတိပေးချင်တယ်။ သူ့ကို Run တော့မယ်ဆိုရင် Network ကြိုးကို အရင်ဖြုတ်ပီးမှ Run ပါ။ အားလုံးပဲအဆင်ပြေကြပါစေဗျာ။ password= kothaung
အမျိုးအစား: နည်းပညာ

proxy တွေကို ကိုယ်တိုင်ဘယ်လိုရှာမလဲ

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေ IP & Port ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေကြပါတယ်။ proxy ကျော်နည်း အသစ်မရခင် မှာ တော်တော် အခက်အခဲဖြစ်တယ်လို့ ခဏခဏပြောနေကြပါတယ်။ တကယ်တော့ ကိုယ်တိုင် ရှာလို့ရပါတယ်။ proxy ဆိုဒ် ကို ကိုယ်တိုင် ဆွဲလို့ရပါတယ်။ (ကျနော်ကြိုးစားနေတယ် မအောင်မြင်သေးလို့ပါ။ နောက်ပိုင်း အချိန်ရရင် proxy ဆိုဒ် ကိုယ်တိုင်ရေးနည်းတင်ပါမယ်။) ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးတွေကို ဒီနေရာကနေ မျှဝေပေးကြပါဖို့ တောင်းတိုက်တွန်းပါရစေ။ proxy ကို ကိုယ်တိုင်ရှာတက်ရင် ဘယ်လောက်ပိတ်ပိတ် သနားတယ် ပြောလိုက်လို့ရပါတယ်။

* ၁။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။
* ၂။ new proxy server IP address & HTTP Port ဆိုပြီးရှာပါ။ သူက ရှာရတာနဲနဲ ခက်တယ်။ အချိန်ပေးရမှာပါ။ google တို့ yahoo တို့မှာ စာမျက်နှာ ၄ နဲ့ ၅ လောက်မှာ ရှိတက်ပါတယ်။
* ၃။ http://proxy.org/ ဆို Link လေးနဲ့ မိတ်ဆက်ပေးပါရစေ။ တော်တော်မိုက်ပါတယ်။ http://proxy.org/ ဆိုတဲ့ ဆိုဒ်ကို သွားရင် ညာဘတ်မှာ Enter a URL to visit ဆိုပြီး box တစ်ခုရှိပါတယ်။ အဲ့ဒီ box ရဲ့ အောက်မှာ Choose one of 3,660 working proxies လို့ ရေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် proxy ကို ရွေးပြီး click ခေါက်လိုက်ပါ။ proxy site အများကြီးမှာ ကိုယ့်စိတ်ကြိုက် ရွေးပြီး ကျော်လို့ ရပါတယ်။ တော်တော်လေး အသုံးဝင်ပါတယ်။ လိပ်စာကလည်း မှတ်ရလွယ်ပါတယ် proxy.org ပါ။ လက်တို့ပြီးတော့ မျှဝေပေးလိုက်ပါဦးဗျာ။

ကျော်ခွနည်းများ

GProxy Tollbar add-on နှင့် FreeGate, GPass, GTunnel UltraSurf တို့ဖြင့် ကျော်ခွခြင်း

Firewall တွေ၊ Filter တွေကို အလွယ်တကူဖြတ်သန်းသွားနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပါသည်။
ဒီနည်းလမ်းဟာ သင်တို့ရဲ့ Company တွေ၊ ကျောင်းတွေမှာ တွေ့ကြုံရလေ့ရှိတဲ့ Website ပိတ်ပင်တားဆီးမှုများကို ကျော်လွှားနိုင်မဲ့ အလွန်အသုံးဝင်သည့် နည်းလမ်းဖြစ်ပါတယ်။ ပိတ်ပင်ထားတဲ့ Website များ(ဥပမာ Youtube, Facebook etc… ) ကိုကျော်ဖြတ်ကြည့်ရှုနိုင်ရန်အတွ
က် Proxy Surfing Technology Software (၄)မျိုးကို အသုံးပြုပုံအား တင်ပြပါမည်။
၁။ ပထမဦးစွာ သင်အသုံးပြုနေသော Browser ဟာ Firefox မဟုတ်ဘူးဆိုရင် ဒီနေရာမှာ ဒေါင်း လုပ် ရယူပြီး Firefox ကို Install ပြုလုပ်ပါ။ ထို့နောက် Firefox ကို ဖွင့်ပါ။
၂။ GProxy Tollbar add-on ကို ဒေါင်းလုပ်လုပ်ပါ။
တစ်ကယ်လို့ Software Installation Window ကို မရခဲ့ဘူးဆိုရင် gproxy.xpi file ကို ဒေါင်းလုပ်ချပြီး Firefox ပေါ်သို့ Drag ဆွဲယူပါ။
၃။ ထို့နောက် GProxy Tollbar add-on ကို Firefox တွင် Install လုပ်ပါ။ Firefox ကို Restart ပြုလုပ်ပြီး ပြန်ပွင့်လာလျှင် အောက်ဖော်ပြပါပုံအတိုင်း Gproxy Tollbarကို Firefox တွင် တပ်ဆင် လျှက် မြင်တွေ့ရမည်ဖြစ်သည်။
၎င်း Tollbar ပေါ် ရှိ Proxy box အတွင်းမှ Down Arrow ကိုနှိပ်ပါက FreeGate, GPass, GTunnel နှင့် UltraSurf ဟူသော Menu မျာကို တွေ့မြင့်ရပေမည်။ ၄င်း Menu (၄)မျိုးလုံးသည် Free Proxy Surfing Softwares များဖြစ်ကြပါသည်။ Software (၄)မျိုးလုံးကို အလွယ်တကူ ပြောင်းရွှေ့ပြီး အသုံးပြုနိုင်ကြောင်း တွေ့မြင်ရပေမည်။
၎။ နောက်တစ်ဆင့်အနေဖြင့် FreeGate, GPass, GTunnel နှင့် UltraSurf Software များအား ဒေါင်းလုပ်ချပါ။ အားလုံးဒေါင်းလုပ်ချပြီး သုံးရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သင်နှစ်သက်ရာ တစ်ခုတည်း နှင့်လည်း အသုံးပြုနိုင်ပါသည်။ တစ်ခုဖြင့် မကျော်နိုင်ပါက အခြားတစ်ခုနှင့်ပြောင်းသုံးနိုင် ရန် (၄)ခုလုံး ဒေါင်းလုပ်ချထားပါရန် အကြံပြုလိုပါသည်။ ဒေါင်းလုပ်အရွယ်အစားများမှာ အလွန်းသေးငယ်သဖြင့် ဒေါင်းလုပ်ချရန်ခက်ခဲမည်မဟုတ်ပါ
(က) FreeGate
Dynaweb Site မှ FreeGate သည် (140)Kb ထက်ပင်ပို သေးငယ်သော Sforware တစ်ခုဖြစ်ပါတယ်။ ၄င်းတွင် ပုံတွင်ပြထားသည့်အတိုင်း Sever (၅)ခုကျော်ပါဝင်ပြီး Speed အမြန်ဆုံးတစ်ခုအား Default အဖြစ်အသုံးပြုထားပါသည်။ သင်သည် Mouse ကိုအသုံးပြုကာ နှိပ်ရုံဖြင့် Surver တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ FreeGate ကို ဒီနေရာမှာ ဒေါင်းပါ။

(ခ) GPass
GPass တွင်Version (၂)မျိုးရှိပါတယ်။ LiteVersion သည် (86)Kb သာရှိပြီး FullVersion မှာ (1.2)MB ရှိပါသည်။ GPass ကိုဒီနေရာတွင်ဒေါင်းပါ။

(ဂ) GTunnel
GTunnel တွင် အသုံးပြုနိုင်သည့် Proxy Server (၃)ခုပါဝင်ပါသည်။ DownLoad နှင့် UpLoad Traffic ကိုပြပြီး Meter (၂)ခုပါဝင်ပါသည်။ အရွယ်အစားမှာ ( )ဖြစ်ပါသည်။ GTunnel ကို ဒီနေရာတွင် ဒေါင်းလုပ်ရယူပါ။

(ဃ) Ultrasurf
138 Kb မျှသာရှိသော Portable Program တစ်ခုဖြစ်ပါသည်။ Proxy Server (၃)ခုပါရှိပြီး Speed ကောင်းသော Server ကို Default အဖြစ်အသုံးပြုထားပါသည်။ Speed ပိုကောင်းသော Server ကို မိမိကြိုက်နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်ပါသည်။ Monitor ၏ ညာဘက် အောက်ခြေတွင် ရွေရောင်သောခလောက်ပုံစံ Icon တစ်ခု ဖော်ပြနေမည်ဖြစ်သည်။ ၄င်းကောင်းသည် Ulterself ကို အသုံးပြုနေကြောင်း ပြသခြင်းဖြစ်သည်။ Ulterself ကို ဒီနေရာတွင် ဒေါင်းလုပ်ရယူပါ။

၅။ ယခုအခါ သင့်ကွန်ပျူတာတွင် Firefox add-on Gproxy Toolbar နှင့် တကွ Proxy Surfing (၄)မျိုးကို အသုံးပြုရန်အသင့် Install လုပ်ပြီးအသင့် ဖြစ်ပေသည်။ Firefox ရဲ့ GProxy Tollbar မှ Proxy Menu (၄)ခု ကို Click လုပ်ပြီး ဒေါင်းလုပ်ချထားသည့် Software တစ်ခုခြင်းစီကို ဖွင့်နိုင်အောင် ဆောင်ရွက်ပါ။
မှတ်ချက်။ သင်အသုံးပြုနေရသော Internet Access ကို သင့်Company (သို့ ) ကျောင်းက Server ခံပြီး ပိတ်ထားခဲ့မယ်ဆိုရငှ်Software တစ်ခုခြင်းစီက Option >Menual Proxy တွင် သင်သုံးရသော HTTP Proxy No. ကိုထည့်သွင်းရပါမည်။
ယခုအခါ သင်သည် Orkut, Youtube, Facebook နှင့် MySpace ကဲ့သို့သော ပိတ်ပင်ထားသည့် Website များကို ဖော်ပြပါ နည်းလမ်းကိုအသုံးပြုပြီး အလွယ်တကူ ကျော်ဖြတ်ဝင်ရောက်နိုင်မည်ဖြစ်ပေသည်။
စာရေးသူ။ Pron Site များအား ဒီနည်းဖြင့်မကျော်နိုင်ပါ။ အကယ်၍ သင့်မှာ အခြား Proxy Surface Software များရှိပါက ၄င်းကို GProxy Tollbar တွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။

Phzilla add-on သုံးပြီး ကျော်ကြည့်ရအောင်

Phzilla add on ကိုအသုံးပြုပြီး web site များကိုကျော်ခွမွှေနှောက်နိုင်ပါပြီ။
Add to Firefox ကိုနှိပ်ပြီး install လုပ်ပါ။firefox ကို restart ပြန်လုပ်ပါ
install လုပ်ပြီးရင် address bar မှာ P ဆိုတဲ့ icon လေးပေါ်လာပါမယ်။ဝင်မရတဲ့ site တွေကို icon ကိုနှိပ်ပြီး ကျော်လိုက်ပါ.
phzilla

ကျော်ခွချင်သူများအတွက် ccproxy အသုံးပြုနည်းစာအုပ်

ကျော်ခွချင်သူများအတွက် ccproxy အသုံးပြုနည်းစာအုပ်



  • ကိုဖိုးလပြည့် ရေးပေးထားတဲ့ ccproxy အသုံးပြုနည်း စာအုပ်ကို ပြန်တင်ပေးလိုက်ပါတယ် . စာအုပ်ထဲမှာ ccproxy software ကိုပါ ထည့်ပေးထားပါတယ် . စာအုပ်ကို download လုပ် ဖတ်ပြီး သုံးကြည့်လိုက်ပါ .
  • မိမိတို့အိမ်မှာ အင်တာနက်တပ်ဆင်ရင် သားသမီးတွေအတွက် မကြည့်သင့်တဲ့ ၀ဘ်ဆိုက်တွေကို ပိတ်ပင်ချင်သလား ?
  • အင်တာနက်ကဖေးများအတွက် user တွေကို bandwidth ကန့်သတ်ချင်ပါလား ?
  • web cache အနေနဲ့ အင်တာနက် speed ကိုပိုမိုမြန်စေချင်ပါလား ?
  • မိမိတို့ ပေးသုံးစေချင်တဲ့ စက်ကိုပဲ ip address, mac address စသဖြင့် password နဲ့ပါ control လုပ်ချင်ပါသလား ?
  • client စက်တွေကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ အချိန်နဲ့ ကန့်သတ်အသုံးပြုစေချင်ပါသလား ?
  • client စက်တွေ ဘယ်ဆိုက်တွေ ဖွင့်နေတယ် ၊ ဘာလုပ်နေလဲဆိုတာ အလွယ်တကူ သိချင်ပါသလား ?
  • စသဖြင့် စသဖြင့် အဲဒါတွေကို အလွယ်တကူ လုပ်ဆောင်ချင်ရင်တော့ CCproxy software နဲ့ လုပ်နိုင်ပါတယ်။
  • အဲလိုလုပ်ဆောင်ဖို့အတွက် ဆာဗာထိုင်မဲ့စက်မှာ NIC(Network Card) ၂ ခု ရှိရပါမယ်။
  • တစ်ခုက အင်တာနက်ကြိုးအတွက်ဖြစ်ပြီး ၊ နောက်တစ်ခုက မိမိအင်တာနက်ပြန်ပေးမဲ့ local network အတွက် ဖြစ်ပါတယ်။
  • အဲဒါတွေ ပြည့်စုံပြီးဆိုရင်တော့ CCproxy software ကို ဒေါင်းလုပ်လိုက်ပါ ။

ကျော်မယ်ခွမယ် ( 2 )

ပိတ်ထားတဲ.websiteတွေကို ကျော်ပြီးကြည်.ကြမ

ပိတ်ထားတဲ.websiteတွေကို ကျော်ပြီးကြည်.ကြမယ်

သူငယ်ချင်းတွေကို ကျွှန်တော်အသုံးပြူနေတဲ.hotspot shield နဲ.ကျော်တဲ.နည်းလေးဝေမျှချင်လို
.ပါ
အ၇င်ဆုံး hotspot shield ကိုအ၇င်ဒေါင်လိုက်ပါ
့download link:
http://ifile.it/1n9aquc

ဒေါင်းပြီး၇င် run လိုက်ပါ run တာကလည်းဘာမှမခက်ပါဘူး toolbar တွေမလိုချင်၇င်unclick လုပ်ပေးလိုက်ပါ
run ပြီး၇င်တော.စပြီးသုံးလို.၇ပါပြီ ညာဘက်ထောင်းက hotspot shield icon လေးကိုclick ပြီးconnect/ON ကိုclick လိုက်ပါ
internet explorer တက်လာ၇င်ခဏလေးစောင်.နေလိုက်ပါ ညာဖက်ထောင်.ကhotspot icon အနီေ၇ာင်လေး အစိမ်းေ၇ာင်ပြောင်းသွား၇င်
internet explorer မှာလဲ connect on ပေါ်နေ၇င်ပိတ်လိုက်ပါ အခုဆို၇င်ကြိုက်တဲ.firefox နဲ.ေ၇ာ internet explorer နဲပါပိတ်ထားတဲ.website တွေကိုဖွင်.လို.၇ပါပြီ firefox မှာ block ထားတဲ.website ကို၇ိုတ်ထည်.လိုက်၇င် start ဆိုတာပေါ်လာ၇င်click ပေးလိုက်ပါ ပြီး၇င်ပိတ်လိုက်ဒါမှမဟုတ် home ကိုပြန်သွားစောစောက website ကိုပြန်၇ိုတ်ထည်.၇င်ပွင်.သွားပါတာကိုတွေ၇ပါလိမ်.မယ် ကျွှန်တော်လည်း blog ကေ၇းဘူးတာမဟုတ်တော.အမှား၇ှိ၇င်လည်းသိခံကြပါ
hotspot shield အသုံးပြုနည်းကိုမ၇ှင်းတာ၇ှိ၇င် zawminaung88@gmail.comကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
ဒါက movie ၇ှင်းပြချက်ပါ

ကိုယ်ပိုင် Proxy Sever တစ်ခု တည်ဆောက်ပြီး ပိတ်ထားတဲ့ ၀က်ဆိုက်များကို လည်ပတ်ရအောင်

ကိုယ်ပိုင် Proxy Sever တစ်ခု တည်ဆောက်ပြီး ပိတ်ထားတဲ့ ၀က်ဆိုက်များကို လည်ပတ်ရအောင်

တစ်ခါတစ်လေ အင်တာနက် လှိုင်းစီးနေတဲ့ အချိန်ဆို ကိုယ် လည်ပတ်ချင်တဲ့ ၀က်ဆိုက်များကို ပိတ်ထားရင် စိတ်က တိုမိပါတယ်။ အဲဒီအချိန်မှာ ပေါ်လာတဲ့ Access Denied ဆိုတဲ့ စာကြောင်းကြီးကို မမြင်ချင်ကြတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဒီလိုမျိုးဖြစ်ဖူးကြတဲ့ လူမဆို အဲဒီစိတ်လေး ရှိကြမှာပါ။ ဥပမာ ဘလော့ ရေးနေတဲ့ သူတွေအတွက် www.blogger.com ဆိုတဲ့ ၀က်ဆိုက်မျိုး၊ www.wordpress.com ဆိုတဲ့ ၀က်ဆိုက်မျိုး၊ အင်တာနက် လှိုင်းစီးတတ်တဲ့ လူတွေအတွက် www.youtube.com ဆိုတဲ့ ၀က်ဆိုက်မျိုး၊ စတဲ့ ကိုယ် ကြည့်ချင်းတဲ့ ၀က်ဆိုက်တွေကို မလည်ပတ်ရတာက တော်တော်လေး စိတ်မကြည်ရာ ကောင်းပါတယ်။ ပြီးတော့ အဲဒီလို ပိတ်ထားတဲ့ ၀က်ဆိုက်များကို Proxy website နဲ့ လည်ပတ်ရတာလည်း မပြည့်စုံ မလုံလောက်ပါဘူး။ ၀က်ဆိုက်ကို  ကြည့်ရရုံလေးပါပဲ။ ကျန်တာ ဘာမှ လုပ်လို့ မရပါဘူး။ ပြီးတော့ စောစောရက်တုန်းက သတင်းတစ်ခု ကြားမိလိုက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ Proxy website ကိုသုံးပြီး အကောင့် လုပ်တာတွေ၊ အကောင့် sign in လုပ်တာတွေမှာ စကားဝှက်တွေ ပျောက်ဆုံးတာတွေ စတဲ့ သတင်းများကို ကြားမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရနဲ့ ရေးလိုက်ပါတယ်။ ဒီလို လုပ်ဆောင်တာက အခမဲ့ နည်းလမ်းလေး တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျီးမေး အကောင့် တစ်ခုတော့ ရှိမှ ရမှာနော်…။
v  ပထမဆုံး Python 2.6.4 ကို http://www.python.org/download/releases/2.6.4/#download ဆိုတဲ့ လင့်ခ်လေးကနေ ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးတော့ Installation လုပ်ပါ။ ဘာကြောင့် လဲဆိုတော့ ဒီနည်းလမ်းလေးကို သုံးတာက Google Apps ကို သုံးထားတာပါ။ Google Apps က ပလက်ဖောင် တစ်ခုအနေနဲ့ Python ကို သုံးဖို့ လိုအပ်လို့ပါ။ (မှတ်ချက်။     ။ ၀င်းဒိုးစ် သုံးနေသူများက Windows x86 MSI Installer (2.6.4) ကို နှိပ်ပေးရမှာပါ။)
v  သင့် ကွန်ပျူတာပေါ်မှာ Python 2.6.4 ကို တင်ပြီး ပြီး ဆိုရင် နောက်တစ်ဆင့်က Python အတွက် Google apps engine SDK ကို ဒေါင်းလုပ် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ http://code.google.com/appengine/downloads.html ဆိုတဲ့ လင့်ခ်လေးကနေ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
v  အခုဆိုရင် Google apps engine SDK ကို ကွန်ပျူတာပေါ်တွင် Installation လုပ်ပြီး ဖွင့်လိုက်ပါ။
v  ပြီးတော့ http://hacker9.com/downloads/hacker9_proxy.zip ဆိုတဲ့ လင့်ခ်အတိုင်း Python proxy Script လေးကို ဒေါင်းလုပ် လုပ်ပါ။ ဒေါင်းလုပ် လုပ်ပြီးသွားရင် အဲဒီ Zip ဖိုင်ကို Desktop ပေါ်မှာ Extract လုပ်ပါ။
v  အပေါ်က အဆင့်လေး ပြီးသွားရင်တော့ http://appengine.google.com ဆိုတဲ့ လိပ်စာကို သွားပြီး သင့် ဂျီးမေး အကောင့်နဲ့ Sign in လုပ်လိုက်ပါ။
v  ပြီးတော့ Create an application ကို ကလစ်နှိပ်လိုက်ပြီး ကိုယ်နှစ်သက်ရာ နာမည်တစ်ခု ပေးပါ။ ပြီးရင် သိမ်းထားလိုက်ပါ။
v  အခုဆို သင် ဖွင့်ထားတဲ့ Google apps engine SDK ဆီကို သွားပြီး File ထဲက Add existing application ကို ကလစ်နှိပ်လိုက်ပါ။ ပေါ်လာတဲ့ ၀င်းဒိုးစ်ထဲမှာ သင် Extract လုပ်ထားတဲ့ Python proxy Script ကို ရွေးပြီး Add ကို ကလစ်နှိပ်ပါ။
v  Add ကို ကလစ်နှိပ်ပြီး သွားရင်တော့ your_app_id ကို ရွေးပြီး Edit ကို ကလစ်နှိပ်ပါ။ ပြီးရင် Application field ထဲမှာ your_app_id ကို သင် နှစ်သက်ရာ နာမည်နဲ့ သိမ်းထားတဲ့ app နာမည်နဲ့ အစားထိုးလိုက်ပါ။
v  အဲဒီလို လုပ်ပြီး သွားရင် Edit ၀င်းဒိုးစ်ကို ပိတ်ပါ။ Diploy ဆိုတဲ့ သင်္ကေတလေးကို ကလစ်နှိပ်ပါ။ ပြီးတော့ သင့် ဂျီးမေး အကောင့် ကို ထည့်လိုက်ပြိး OK ကို ကလစ်နှိပ်ပါ။
v  ဒါတွေ ပြီးသွားရင်တော့ သင့် ၀က်ဘ် ဘရောက်ဇာကို သွားပြီး လိပ်စာထည့်တဲ့ နေရာမှာ သင့် apps လိပ်စာကို ထည့်လိုက်ပါ။ ဥပမာ ပြောရရင် nethackerpro.appspot.com ဆိုတဲ့ ပုံစံမျိုး။ ဒါဆိုရင် သင့် Proxy sever ကို မြင်ရပါလိမ့်မယ်။
(မှတ်ချက်။    ။သင် Proxy sever ကို လျှိုဝှက်ထားပါ။ သင့်  proxy လိပ်စာကို ဘယ်သူကိုမှ မပြောပါနဲ့။ မတော်လို့ တာဝန်ရှိသူတွေက သိသွားရင် သင့် proxy လိပ်စာကို ပိတ်သွားနိုင်ပါတယ်။)

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း
လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို
မြန်မာပြည်တွင်းက ကြည့်လို့ မရအောင် ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊
http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။
ဒါပေမဲ့၊ အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့
ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်ရှုနိုင်တဲ့
နည်းလမ်းရှိပါတယ်။
အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့
အင်တာနက် စာမျက်နှာတွေကို ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း
မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက်
ဝက်ဘ်ဆိုက်တွေကို သွားတဲ့ သဘောမျိုးပါ။
ဘယ်လိုရှာဖွေမလဲ
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ
ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ
ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl
ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့
စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်
လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။
ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို
တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ
ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။



ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ
ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့ ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။
ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ
www.rfa.org/burmese ဖြစ်ပါတယ်။
ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ
ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese လို့
ရိုက်ရပါတယ်။
တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link
အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ ကွန်ပျူတာ ဆာဗာတခုထဲကို
သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့
အင်တာနက်လိပ်စာတှေကို အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။
အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။
http://www.stupidcensorship.com/
http://proxify.com/ This is free but there is also a version available
for a fee.
http://www.zensur.freerk.com/nada/
Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း
ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းတွေအတိုင်း ရှာကြည့်ပြီး
ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။