Tuesday, November 20, 2012

net work ချိတ်တက်ချင်သူတွေတွက်ပါ

မျှဝေမယ် Twitter Facebook
Views: 6..
..
Comment by HANMYOZAW on မေ 3, 2011 at 8:30am
Mediafire ကနေယူချင်ရင် တော့ ဒီမှာပါ..
......
Comment by HANMYOZAW on မေ 2, 2011 at 5:28pm  သူငယ်ချင်း စာက  ms word နဲ့ ပဲရေးထားတော့ သူတို့ က မမြင် ကြရဘူးထင်တယ်  ပုံတွေက ကြီးနေတော့  မမြင်ရတာဖြစ်နေမှာပါ pdf လေးလုပ်တင်ရင် အဆင်ပြေမှာပါ၊ ကျနော်မြင်ရပါတယ် ms office 2010 သုံးရင်တော့  pdf  ဖိုင်အနေ နဲ့ ပါသိမ်းလို့ ရတော့ ပိုအဆင်ပြေပါတယ် ကျနော် သူငယ်ချင်း post ကို pdf လုပ်ပြီးပြန်တင်ပေးလိုက်ပါတယ် ဒီနေရာမှာ   ဒေါင်းလုပ်နိုင်ပါတယ်
ဒီအတိုင်းပဲ ဖတ်ချင်ရင်တော့...
ဒီအတိုင်းပဲ ဖတ်ချင်ရင်တော့
Network ချိတ်ဆက်တာလေးနဲ့ ပတ်သတ်တာလေးတွေပါ။
Jan 13, '11 7:15 PM
for everyone


ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card




















ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။ နောက်တ ခုကတော.



























ပါ ။ RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။

ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော. A Type
(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ. B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။
































ဒီ၂ ခုအကြောင်း တရားကိုပဲ အရင်ရှင်းရရင် ...
ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။


အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။



နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေါတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။
ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။





















Switch ရဲ.သဘော တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ. အိမ်နံပါတ်ဘယ်လောက် ၊ ဘယ်လောက်ကို လာတဲ.ဧည်.သည် က ကိုယ်.ဘာသာ ကိုယ်ရှာပြီး သွားလို.ရအောင် ပြထားတဲ.သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော. Switch နဲ.ကွာခြားချက်တွေရှိပါတယ် ။ သူ.မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို.အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော. ရောက်ရှိလာတဲ. နက်ဝက် ရဲ. Speed ကို ပြန်ပြီး Routing အနေနဲ. တိုးပေးပါတယ် ။ အဲ.အတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော. ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို.မူများရှိရင်တော. မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ.ဧည်.သည် ကို အိမ်တိုင်ရာရောက်လိုက်ပို.ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။ (ရှင်းလားတော. မသိဘူး ... အပီား ဒီထက်လဲ မရှင်းတတ်တော.ဘူး )


ကဲသူငယ်ချင်းရေးထားတဲ့ စာကို ဖတ်လို့ လူအများအကျိုးရှိပါစေ........
p.s ကျနော် ဘာတစ်ခုမှ ပြင်ဆင်ခြင်း ဖြည့်စွပ်ခြင်းမရှိပါ.... အားလုံး မူရင်ရေးသူအတိုင်း copy လုပ်ပြီးပြန်တင်ပေးခြင်းမျှသာ ဖြစ်ပါတယ်....
pdf ဖိုင်းလဲ အတူတူပါ .... ကျနော် mediafire ကနေpdf ကိုတင်ထားပါတယ် ဒေါင်းလို့ အဆင်မပြေသူများ ကျနော့်ဆီမှာ ရယူနိုင်ပါတယ် .... အခုလို ကိုသိသလောက်ကို ရေးသားပြီးအများ အတွက်လုပ်ဆောင်သောသူငယ်ချင်းကိုကျေးဇူးတင်ပါတယ်
နောက်ထပ် နည်းပညာများဖြန့်ဝေနိုင်ပါစေ...

Sunday, 16 October 2011

ကိုယ်ပိုင် FTP Server ဖန်တီးခြင်း

Network နှင့်ပတ်သက်လို့  ကိုယ်ပိုင် FTP(File Transfer Protocol)လေး တစ်ခု ဆောက်ခြင်း
ဒီ FTP ဆိုတဲ့ Protocol ကိုမိမိစက်မှာ တည်ဆောက်ကြရအောင်ယ..

အောက်ပါအတိုင်း လုပ်ကျရအောင်
၁၊  Windows installation CD တစ်ချက်ရှိရမည်၊
၂၊  Public IP ဖြစ်ရမည်(192.168. နှင့်စသော IP များမဖြစ်ရပါ)၊
၃၊  Harddisk အနည်းဆုံး 80 or 160 Gb ရှိရမည်။
၎၊ Memory(RAM) က အနည်းဆုံး 512MB ရှိမည်။(နှေးမယ်) 1or 2 GB လောက်မှ normal အလုပ်လုပ်မယ်။
၅၊ Windows လိုအပ်ချက်-XP
၆၊ Windows တင်မထားတဲ့ Partition (ကျွန်တော်တို့ တော်တော်များများက C: မှာ windows တင်ထားတယ်)
    ဆိုတော့ D drive, စတဲ့ Partition မှာ FTP server ဆိုပြီး foler အသစ်ဖွင့်ပါ။


Setup ကိုအောက်ပါအတိုင်း...
- CD Rom ထဲတွင် Windows XP installation CD ထည့်ထားပါ၊(ကိုယ့်တင်ထားတဲ့ Windows CD ပေါ့)
- Start -Settings-Control panel- add/remove programs ကိုဖွင့်ပါ။
- ဘယ်ဘက်က Add/remove Windows Components ကို Click နှိပ်ပါ။
- Components box ကျရင် Scroll bar ဆွဲပြီး Internet Information Services(IIS) ကို Select မှတ်ပြီး
- Details ကို Click ပါ။
- ပြီးရင် File Transfer Protocol(FTP)Service ကို Select မှတ် Ok နိုပ်ပါ။
- Next ကိုဆက်နိုပ်ပြီး loading ပြီးအောင်စောင့် ပြီးရင် Finish ကိုနှိပ်ပါ။

Configuration လုပ်ခြင်း
- Control panel ထဲက Administrative Tools ဖွင့်
- Internet Information Services ကိုရှာပြီးဖွင့်
- ဘယ်ဘက်အခြမ်းထဲက Tree pane မှာ
+ ပုံလေးနဲ့ မိမိcomputer name ကိုတွေ့ ရင် Click
+ ပုံလေးနဲ့  FTP Sites ကိုတွေ့ ရင်ထပ် click
Default FTP Site ကို right click နိုပ် New > FTP Site ကို Click
Welcome wizard ကျလာရင် Next ကိုနိုပ်
Description box ထဲမှာ နှစ်သက်ရာအမည်ပေး Next ကိုနိုပ်
IP address နဲ့ Port က default အတိုင်းထား Next ကိုနိုပ်
Do not isolate users ကိုရွေး Next ကိုနိုပ်
မိမိစက်တွင်းရှိ FTP folder တည်ဆောက်ထားတဲ့ လမ်းကြောင်းကို ရွေး Next ကိုနိုပ်
Read ရော write ရော အမှန်ခြစ်ပေး Next ကိုနိုပ်
Finish ကို နိုပ် ဒါဆို FTP Server တည်ဆောက်တာ ပြီးပါပြီ
- မိမိ အနေနှင့် အခြားသူအား ဖိုင်ပေးလိုလျင် မိမိတည်ဆောက်ထား သော Folder အတွင်းသို့  Copy and Paste လုပ်ပေးရုံသာဖြစ်သည်၊
- အခြားသူများမှ မိမိ၏ဖိုင်အား လိုအပ်လျှင် သူတို့ ၏ address bar ၌ မိမိ၏ IP အမှတ်ရှေ့ တွင် ftp://…. ဟူ၍(ဥပမာ- ftp://165.123.12.2)ရိုက်ထည်ြ့
ပီး enter ခေါက် ရြုံဖင့် မိမိ၏ folder ပွင့်လာပြီး လိုအပ်သော files များအား အလွယ်တကူ ယူနိုင်မည်ဖြစ်ပါသည်။

ဘာသာပြန် (Sbsangpi(စံပီး))

Thursday, 29 September 2011

ASP.Net 2.0 Fundamentals မြန်မာ EBook

ASP.Net 2.0 Fundamentals မြန်မာ EBook

ကျွန်တော် Asp.Net 2.0 Fundamentals EBook ကို ဘာသာပြန် မျှဝေပေးချင်တာ ကြာပါပြီ။ အခုတော့ အဆင်ပြေလွယ်ကူစွာ ပြီးဆုံးခဲ့တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ ဒီ EBook ထဲမှာ Asp.Net 2.0 နဲ့ ပတ်သက်ပြီး လိုတိုရှင်း ထိမိစွာ ဘာသာပြန် ပေးထားပါတယ်။ Asp.Net ကို စိတ်ဝင်စား သူများအတွက် တကယ့် လက်တွေ့မှာ လိုအပ်မယ့် အကြောင်းအရာ တွေကိုပဲ စုစည်း ဖေါ်ပြ ပေးထားပါတယ်။ ဒီ EBook မှာ Asp.Net နဲ့ C#.Net ဘာကွာလဲ ? အစရှိတဲ့ မေးခွန်းမျိုးကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ EBook တွင်ပါဝင်သော အကြောင်းအရာ များကိုလည်း လိုအပ်ပါက Update ပြုလုပ် ပေးသွားမည် ဖြစ်ပြီး အကြံပြုလိုသည်များ ရှိပါကလည်း Comment ပေးထားခဲ့နိုင်ပါတယ်။
အင်တာနက်ကို အချိန်ပြည့်သုံးရန် ခက်ခဲသူများအတွက်ပါ ရည်ရွယ်ပြီး EBook ဖြင့် မျှဝေပေးထားပါကြောင်း
အောက်က Link မှာ Download ရယူပါ ။

Wednesday, 14 September 2011

Wireless ချိတ်ပြီး network သုံးကြရအောင်

Wireless ချိတ်ပြီး network သုံးကြရအောင်

Wireless LAN ချိတ်ဆက်အသုံးပြုမည်ဆိုပါက အကြမ်းအားဖြင့် နည်းလမ်းနှစ်သွယ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။……
  1. Ad Hoc (Peer)Network
  2. Infrastructure mode (AP )
စသည့် နည်းလမ်းနှစ်သွယ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။…..
Wireless ချိတ်ဆက်အသုံးပြုမူသည်… Wire ဖြင့် ချိတ်ဆက် အသုံးပြုရာတွင်…အသုံးပြုသော… Share file, folders, drivers, printer, etc. စသည့် service များအတိုင်း အသုံးပြု နိုင်ပါသည်။
What should I prepare?
ပထမဦးစွာ… သင့် သည် wireless adapter အသုံးပြု ပြီး ချိတ်ဆက် မည် ဆိုပါက Wireless adapter ကို အရင့်ဆုံးစစ်ဆေးသင့်သည်။…. Wireless adapter သည် 802.11a adapter or 802.11b adapter or 802.11g or 802.11n စသည် မည်သည့် version ဖြစ်ကြောင်း အရင်စစ်ဆေးသင့်သည်။ 802.11n သည် ကျန်သည့် version များနှင့် Backward compatible ဖြစ်ပါသည်။

စာအပြည့်အစုံကို pdf file ဖြင့်ဖော်ပြထားပါသည်။
Blog တွင် စာလုံးရေ ကနု့်သတ်ထားပါသောကြောင့် upload တင်ပေးလိုက်ပါသည်။

အားလုံးအဆင်ပြေကြပါစေ

Saturday, 3 September 2011

ကွန်ပျူတာအခြေခံ အပိုင်း (၆)


ကွန်ပျူတာအခြေခံ အပိုင်း (၆)

ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…
သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်…
ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…
မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…
နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…

INTRODUCTION TO NETWORKS

A network is a group of connected computers that allow people to share information and equipment.

Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…



Types of Networks
Network အမျိုးအစားများ

Local Area Network
A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.

Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…

ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…

Wide Area Network
A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.

Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သိုးမဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…

Network Advantages
Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Work Away From Office
When traveling or at home, you can connect to the network at work to exchange messages and files.

မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…

Share Information
Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.

Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်…
ဆိုလိုတာကတော့ လွမ်းတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…

Share Equipment
Computers connected to a network can share equipment, such as a printer or modem.

Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…



ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…



Network Administrator
A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.

Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…

Network Applications
Network အသုံးပြုပုံများ

Electronic Mail
You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.

Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်…
Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်…
အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country.
A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.

Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်…
Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်…
ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…

Parts of a Network
Network ရဲ့ အစိတ်အပိုင်းများ

Network Traffic
Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.

Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…

Hub
A hub is a device that provides a central location where all the cables on a network come together.

Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…

ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…



Network Interface Card
A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.

Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…

Cables
Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic.
Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.

Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်…
အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်…
၁။ Cables-coaxial
၂။ Unshielded Twisted Pair (UTP)
၃။ Shielded Twisted Pair (STP)
၎။ Fiber-optic
Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…

How Information is Stored
သတင်းအချက်အလက်များ သိမ်းဆည်းပုံ

Peer-To-Peer Network
All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer.
A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.



Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်…
Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်…
၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…

Manage Files
Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.

ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်…
Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ…
ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…

CLIENT/SERVER NETWORK
All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer.
A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.


Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်…
Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…

Server
The server is the central computer that stores the files of every person on the network.

Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…

Manage Files
All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.

ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…

Client
A client is a computer that can access information stored on the server.

Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…

Intranet
An intranet is a small version of the Internet inside an office.

မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်…
Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…

ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…

ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…

The Internet is the largest computer network in the world.

အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ…

Thursday, 1 September 2011

Network အကြောင်းလေ့လာချင်သူတွေအတွက် E-Book စာအုပ်လေးပါ။

Network အကြောင်းလေ့လာချင်သူတွေအတွက် E-Book စာအုပ်လေးပါ။

Network အကြောင်းလေ့လာချင်သူတွေအတွက် ကျွန်တော့်တို့ရဲ့အစ်ကို တစ်ယောက်
တင်ပေးထားတဲ့ Network စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ Internet Connection
Sharing ပေးတဲ့နည်းအပါအ၀င် အခြားသော ဗဟုသုတဖြစ်ဖွယ် စာအုပ်လေးများကိုလည်း...
တင်ပေးထားပါသေးတယ်ခင်ဗျာ.။
လိုချင်သူများ အောက်မယ်ပေးထားပါတယ်။ယူလို့ရပြါ
ပီ။

To Download Click Here..

NET Framework Version 4.0


.NET Framework Version 4.0


.NET Framework Version 4.0 | 48.11MB


Image and video hosting by TinyPic




သူကတော့ logo design သမားတွေအတွက်ပါ . logo ကို အလန်းလေးတွေ လုပ်ချင်ရင်တော့ ဒီကောင်လေးနဲ့ လိုသလို လုပ်လို့ရတဲ့အပြင် ready made ဒီဇိုင်းတွေကိုပါ တစ်ခါတည်း ရွေးချယ်လို့ရမှာပါ . company logo design တွေကိုလဲ ခဏလေးနဲ့ လုပ်လို့ရမှာပါ . ကဲအောက်မှာ တင်ပေးထားပါတယ် . အဆင်ပြေတဲ့ Link ကနေ သာ download လုပ်လိုက်ပါ .




isa server မြန်မာ ebook



isa server ပြုလုပ်ပုံ movie ရှင်းပြချက်

Part 1 | Part 2

Wednesday, 31 August 2011

အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း

အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း
(၁) Cable Length : လက်ရှိအသုံးများတဲ့ ကွန်ပြူတာ network cable များဟာ twisted pair wire Categories 5 အမျိုးအစားဖြစ်ပြီး Cable တစ်ချောင်းကို မီတာ ၁၀၀ ထက် ပိုရှည်လို့ မရပါဘူး။
(၂) Connector : RJ 45 – 4 pairs (8 wires)
RJ 11 – 2 pairs (4 wires)
ဝါယာ ရှစ်ခုပါ RJ 45 သည် ကွန်ပြူတာ အတွက် ဖြစ်ပြီး၊ ၀ါယာ လေးခုပါ RJ 11 သည် ဖုန်းနှင့် ချိတ်ဆက်ရန် အတွက် ဖြစ်ပါတယ်။
Lan Cable Head & Modem Cable Head RJ 45 for LAN & WAN , RJ 11 for Dial Up Modem
(၃) Color code : twisted pair cat 5 ကြိုးတွင် ၀ါယာရှစ်ခုပါဝင်ပြီး နှစ်ပင်ပူးစီ လိမ်ထားသော အတွဲလေးတွဲ ပါသည်။ အပြာဖြူကြား နှင့် အပြာတွဲ၊ လိမ္မော်ဖြူကြားနှင့် လိမ္မော်တွဲ၊ အစိမ်းဖြူကြားနှင့် အစိမ်းတွဲ၊ အညိုဖြူကြားနှင့် အညိုတွဲ တို့ဖြစ်သည်။ color code သည် network cable အတွက် အရေးကြီးသဖြင့် အောက်ပါအတိုင်း မှတ်သားထားပေးပါ။
Order Of String
(အတိုကောက်အနေနဲ့ BOGBr ဟုမှတ်ပါ။ B=Blue, O=Orange, G=Green, Br=Brown ဟု အတွဲလေးတွဲ အစဉ်လိုက်ဖြစ်ပြီး၊ အဖြူကြားမှ စ၍ အရောင်ကြိုးမှာ ဆုံးတယ်။ အတွဲ ၁၊ ၂၊ ၃၊ ၄ ကို ဤနည်းဖြင့် မှတ်သားထားပါ။)
(၄) Ping assignment : အသုံးပြုနိုင်သော network cable တစ်ခုဖြစ်ရန် အတွက် connector တွင် ထည့်သွင်း စီစဉ်ရသော pin assignment နှစ်မျိုးရှိပါတယ်။
(က)  T-568A (type A)
(ခ)    T-568B (type B)
(က) Type A (T-568A)       : pin assignment စီစဉ်မှုတွင် အတွဲ ၁ မှ ၄ သို့ အစဉ်လိုက် အစား အတွဲ ၃၊ ၁၊ ၄ ဟုစီပြီး၊ ၃ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၂ ကို စီလိုက်ပါ။


(ခ) Type B (T-568B) : pin assignment စီစဉ်မှုသည် Type A ၏ အတွဲ ၂ နှင့် ၃ ကို နေရာပြောင်းလိုက်ရုံသာ ဖြစ်သည်။ ထပ်ရှင်းရလျှင် အတွဲ  ၂၊ ၁၊ ၄ ကို စီပြီး ၂ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၃ ကို စီလိုက်ပါ။



(၅) Cable type : ကွန်ပြူတာနှင့် ဆက်စပ်အသုံးပြုရန် cable အမျိုးအစား နှစ်မျိုးရှိသည်။
(i)  Straight-through Cable
(ii) Cross Cable
(i)            Straight-through Cable အမျိုးအစားသည် pin assignment တူတူချင်း စီစဉ်ကာ connector တပ်ဆင်ထားခြင်း ဖြစ်သည်။ ထပ်ရှင်းရလျှင် cable တစ်ခု၏ ထိပ်နှစ်ဘက် စလုံးကို type A ချည်းသာ (သို့မဟုတ်) type B ချည်းသာ Straight-through Cable ဟု ခေါ်သည်။ (၎င်း cable အမျိုးအစားကို path cable ဟုလည်းခေါ်ပြီး ကွန်ပြူတာမှ hub (သို့မဟုတ်) Switch သို့ ချိတ်ဆက်ရာတွင် အသုံးပြုသည်)
(ii)           Cross cable အမျိုးအစားသည် Type A နှင့် Type B ကို တစ်ဖက်စီ တပ်ဆင်ထားသော cable ပင် ဖြစ်သည်။ (crossover cable ကို hub အချင်းချင်း၊ switch အချင်းချင်း နှင့် ကွန်ပြူတာ နှစ်လုံး တိုက်ရိုက်ချိတ်ဆက်ခြင်းများတွင် အသုံးပြုသည်)
မှတ်ချက်။ ထို cable အမျိုးအစား နှစ်ခုကို ခွဲခြား သိလိုပါက cable ၏ ထိပ်နှစ်ဖက် ဖြစ်သော connector နှစ်ခုကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ pin စီစဉ်ထားမှု အရောင်များ တစ်ထပ်တည်း တူညီပါက Straight-through ဖြစ်ပြီး၊ မတူညီပဲ A-B ဖြစ်နေပါက cross cable ဖြစ်သည်။
(၆) Making Network Cable : ရှေ့တွင်ဖော်ပြပြီး အချက်(၅)ချက်သည် သိရှိရန်ဖြစ်ပြီး ယခု အချက်များသည် လိုက်ပါလုပ်ဆောင်ရမည့် အချက်များဖြစ်သည်။ တနည်းဆိုရသော် ကြိုးတစ်ချောင်း ရရန် ယခုမှပင် စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
အဆင့် (၁) Cable Cutter : မိမိဆက်သွယ်ချိတ်ဆက်မည့် အရာနှစ်ခု၏ အကွာအဝေးအတိုင်း လိုအပ်သလောက်သာ ကြိုးကို ဖြတ်တောက်ပါ။ အမှားအယွင်း ရှိခဲ့ရင် ပြင်ဆင်ပြုလုပ်နိုင်ဖို့ အနည်းငယ်တော့ ပိုဖြတ်ထားဖို့ လိုပါတယ်။ ဒါပေမယ့် မမေ့ဖို့က မီတာ ၁၀၀ ထက် မပိုရ။
Cable Cutter
အဆင့် (၂) Striper : Cable အစွန်းနှစ်ဖက် စလုံးကို အထဲမှာ ပါတဲ့ ၀ါယာအရောင်များ ကွဲပြားစွာ မြင်နိုင်ဖို့ အခွံနွှာ ပစ်ရပါမယ်။ တစ်လက်မခွဲခန့် အပေါ်ယံ (jacket) ကို နွှာပစ်ရမှာဖြစ်ပြီး၊ အထဲမှ ၀ါယာများ မပေါက်ပြဲစေရန် ဂရုပြုပါ။ ပေါက်ပြဲ ပွန်းရှ ခဲ့ရင် ထိုနေရာမှ စ၍ ညှပ်ပစ်ပြီး နောက်သို့ ဆုတ်၍ strip ပြန်လုပ်ပါ။
အဆင့် (၃) Spread the wire : cable ကို အပေါ်ယံ jacket နွှာလိုက်ပါက twisted pair ဖြစ်သည့်အတွက် နှစ်ပင်ပူးစီ လိမ်ထားတာကို တွေ့ရပါလိမ့်မယ်။ strip လုပ်ထားတဲ့ အရင်းမှ ကိုင်ပြီး မိမိပြုလုပ်မယ့် အမျိုးအစား (type A (or) type B) အတိုင်း ၀ါယာကြိုး အရောင်ကို စီတန်းလိုက်ပါ။ ပြီးနောက် connector အတွင်းသို့ ထည့်သွင်းရန် လက်မ၀က် ခန့်သာ ချန်ပြီး အဖျားပိုင်းကို ညှပ်ပစ်ပါ။
အဆင့် (၄) Connector အတွင်းသို့ ထည့်သွင်းခြင်း : ညှပ်ပြီးသော ၀ါယာ (၈) စကို connector ထဲသို့ ထည့်ပါ။ ၀ါယာစီတန်းမှုအတိုင်း connector တွင်း တစ်ချောင်းစီ ထည့်သွင်းကာ ထိပ်ထိ ညီအောင် ပြုလုပ်ပါ။ ၀ါယာ (၈)ချောင်းသည် connector အဆုံးတွင် ညီနေမှသာ connector အပေါ် pin နှင့် ဆက်သွယ်မှု ရှိမှာဖြစ်ပါတယ်။ strip လုပ်ထားသည့် အရင်းသည် connector အတွင်းတွင် ရှိနေရမည်ဖြစ်ပြီး plunger နေရာထိ jacket ရောက်နေရမှာ ဖြစ်ပါတယ်။

အဆင့် (၅) crimping : crimp ပြုလုပ်ခြင်းသည် network cable ပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ connector ခေါင်း နှင့် cable ကြိုး ချိတ်ဆက်မှု မြဲမြံအောင် crimping tools (crimper) ကို အသုံးပြု၍ ဖိညှပ်ခြင်း ဖြစ်ပါတယ်။ crimper မကောင်းပါက connector ပျက်စီးတတ်ပါတယ်။
Crimper ကို connector အမျိုးအစား သတ်မှတ်ပြီး ထုတ်သလို၊ အားလုံးအတွက် ပြောင်းလဲ အသုံးပြုနိုင်အောင် ဘလောက်တုံး အရှင်များဖြင့်လည်း ထုတ်ပါတယ်။ (အခုနောက်ဆုံး အသုံးများတဲ့ crimper တွေမှာ cutter, striper တွေပါ သုံးနိုင်အောင် ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အဲလို crimper မျိုးတစ်ခုဆောင်ထားရုံနဲ့ cable လုပ်လို့ရပါပြီ)
RJ 45 connector ကို crimp လုပ်မှာဖြစ်လို့ 8 pin ဘလောက်တုံး (RJ 45 crimper) ကို ရွေးချယ်တပ်ဆင်ပါ။ connector ကို crimper အတွင်းတွင် နေရာတကျ ဖြစ်အောင် ထည့်လိုက်ပါ။ connector ကို သေချာထည့်သွင်းပြီးတာနဲ့ တချက်တည်း အဆုံးထိရောက်အောင် အားစိုက် ဖိညှစ်ပါ။ crimper တွေဟာ connector အတွက် လိုအပ်တဲ့ နေရာတွေမှာပဲ သက်ရောက်မှု ရှိအောင် ပုံစံထုတ် ထားတာဖြစ်တဲ့အတွက် နေရာထား မှန်ကန်ရင် ပျက်စီးမှု မရှိပါဘူး။
Crimper ဖိညှစ်ခြင်းကြောင့် အားသက်ရောက်မှု ရှိသွားတဲ့ နှစ်နေရာက အောက်က ပုံအတိုင်းဖြစ်ပါတယ်။ ၁ မှာ pin အတွက် ဖြစ်ပြီး၊ ၂ မှာ jacket ပေါ် plunger ဖြင့် ဖိထားလိုက်ခြင်း ဖြစ်ပါတယ်။
ထိုဖိအားကြောင့် ၀ါယာ (၈) ခု ပေါ်မှ insulator ကို ဖောက်ပြီး connector ပေါ်ရှိ pin (conductor) များနှင့် တစ်သားတည်း ဖြစ်သွားပါတယ်။ strip လုပ်ထားတဲ့ ပမာဏ ရှည်နေရင် plunger ဟာ jacket ပေါ်မရောက်ပဲ ၀ါယာတွေပေါ် ရောက်နေလိမ့်မယ်။ အဲဒါဆိုရင် မြန်မြန်ပျက်တာတို့၊ error ဖြစ်တာတို့ ကြုံလိမ့်မယ်။
ဖော်ပြခဲ့ပြီး အဆင့်အားလုံး အောင်မြင်စွာ လုပ်ဆောင်ပြီးပြီဆိုရင် ဒီနည်းအတိုင်းပဲ cable နောက်တစ်ဖက်ကို connector တပ်ဆင်လိုက်ပါ။
ပြုလုပ်ပြီး cable ကောင်း/မကောင်း စမ်းသပ်ရန်အတွက် cable tester များကို အသုံးပြုနိုင်ပါတယ်။ Straight-through နှင့် crossover ကို LED မီးသီးများ ကြည့်ခြင်းဖြင့် ခွဲခြား သိနိုင်ပါတယ်။ (professional မဟုတ်ဘူးဆိုရင်တော့ မလိုပါဘူး။ စက်မှာတပ်ကြည့်ရင် သိနေတာပဲ)
ကေဘယ်ကြိုး ပြုလုပ်ခြင်း နဂိုးချုပ်ပါပြီ။ တဆင့်ပြီး တဆင့် ဆက်ရေးသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment