Tuesday, November 20, 2012

Network Share ကိုခေါ်လို့မရဘူးလား။ အသံတွေပျောက်နေသလား။

ကျနော်တို့ အင်တာနက်ဆိုင်တွေ အတော်များများမှာ ကြုံဖူးကြမှာပါ။ အဲဒါက ဘာလဲဆိုရင် ကျနော်တို့ Share ပေးထားတဲ့ဖိုင်တွေကို လှမ်းခေါ်ယူလို့မရတာတို့။ အသံတွေမကြားရတာတို့ပေါ့။ အဲဒါမျိုးတွေဖြစ်လာပြီဆိုရင် တော်တော်လေးကို ဆိုးပါတယ်။ စက်တွေက တဖြည်းဖြည်းနဲ့လေးလာမယ်။ Internet Connection ကလဲ တဖြည်းဖြည်းနဲ့လေးလာမယ်ပေါ့ဗျာ။ နောက်ဆုံး System ပိုင်းတွေ ပျက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို ပြန်ပြန်ပြီး Window Services ကနေ ပြန်ပြီးတော့ ပြင်လိုက်ပြန်ရင်လဲ ပြင်တုန်းခဏပဲရပါတယ်။ ဆိုင်အတော်များများကတော့ Defreeze ဆော့ဖ်ဝဲတို့တင်ထားကြပါလိမ့်မယ်။ ဒါပေမယ့်လဲ အဲဗိုင်းရပ်စ် ၀င်ပြီဆိုရင် အပေါ်က ကျနော်ပြောခဲ့သလို အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အတွက်ကြောင့် ကျနော်က အားလုံးအဆင်ပြေအောင်ဆိုပြီး ခုလိုလေး အကြံဥာဏ်ပေးပါရစေ။
ကိုယ်ကတော့ လိုက်ပီး ပြင်ပေးနေဦးမယ်ဆိုရင်တော့ Window Services ကနေ ပိတ်ထားတာတွေကို ပြန်ပြီး ဖွင့်လိုက်ရင် ရပါတယ်။ ဒါပေမယ့်လဲ အဲလိုလိုက်လိုက် ပြင်ပေးနေရတော့ အချိန်ကုန်တာပေါ့။ ဒါကြောင့်မို့ ခု ကျနော်ပြောသလိုလေး လိုက်လုပ်ပေးချင်ပါတယ်။ ပထမဆုံး အောက်က Zip ဖိုင်လေးကို ဒေါင်းလိုက်ပါ။

https://sites.google.com/site/tnoaamm/GenericHostForWin32ErrorClean...

ပြီးလို့ရင် အဲထဲမှာပါတဲ့ jpeg ဖိုင်လေးကို အရင်ဖွင့်ကြည့်ပါ။ အဲမှာခိုင်းတိုင်းအတိုင်း တဆင့်ချင်းလိုက်လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

တခုတော့ သတိပေးချင်တယ်။ သူ့ကို Run တော့မယ်ဆိုရင် Network ကြိုးကို အရင်ဖြုတ်ပီးမှ Run ပါ။ အားလုံးပဲအဆင်ပြေကြပါစေဗျာ။ password= kothaung
အမျိုးအစား: နည်းပညာ

No comments:

Post a Comment