Tuesday, November 20, 2012

ကျော်ခွနည်းများ

GProxy Tollbar add-on နှင့် FreeGate, GPass, GTunnel UltraSurf တို့ဖြင့် ကျော်ခွခြင်း

Firewall တွေ၊ Filter တွေကို အလွယ်တကူဖြတ်သန်းသွားနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပါသည်။
ဒီနည်းလမ်းဟာ သင်တို့ရဲ့ Company တွေ၊ ကျောင်းတွေမှာ တွေ့ကြုံရလေ့ရှိတဲ့ Website ပိတ်ပင်တားဆီးမှုများကို ကျော်လွှားနိုင်မဲ့ အလွန်အသုံးဝင်သည့် နည်းလမ်းဖြစ်ပါတယ်။ ပိတ်ပင်ထားတဲ့ Website များ(ဥပမာ Youtube, Facebook etc… ) ကိုကျော်ဖြတ်ကြည့်ရှုနိုင်ရန်အတွ
က် Proxy Surfing Technology Software (၄)မျိုးကို အသုံးပြုပုံအား တင်ပြပါမည်။
၁။ ပထမဦးစွာ သင်အသုံးပြုနေသော Browser ဟာ Firefox မဟုတ်ဘူးဆိုရင် ဒီနေရာမှာ ဒေါင်း လုပ် ရယူပြီး Firefox ကို Install ပြုလုပ်ပါ။ ထို့နောက် Firefox ကို ဖွင့်ပါ။
၂။ GProxy Tollbar add-on ကို ဒေါင်းလုပ်လုပ်ပါ။
တစ်ကယ်လို့ Software Installation Window ကို မရခဲ့ဘူးဆိုရင် gproxy.xpi file ကို ဒေါင်းလုပ်ချပြီး Firefox ပေါ်သို့ Drag ဆွဲယူပါ။
၃။ ထို့နောက် GProxy Tollbar add-on ကို Firefox တွင် Install လုပ်ပါ။ Firefox ကို Restart ပြုလုပ်ပြီး ပြန်ပွင့်လာလျှင် အောက်ဖော်ပြပါပုံအတိုင်း Gproxy Tollbarကို Firefox တွင် တပ်ဆင် လျှက် မြင်တွေ့ရမည်ဖြစ်သည်။
၎င်း Tollbar ပေါ် ရှိ Proxy box အတွင်းမှ Down Arrow ကိုနှိပ်ပါက FreeGate, GPass, GTunnel နှင့် UltraSurf ဟူသော Menu မျာကို တွေ့မြင့်ရပေမည်။ ၄င်း Menu (၄)မျိုးလုံးသည် Free Proxy Surfing Softwares များဖြစ်ကြပါသည်။ Software (၄)မျိုးလုံးကို အလွယ်တကူ ပြောင်းရွှေ့ပြီး အသုံးပြုနိုင်ကြောင်း တွေ့မြင်ရပေမည်။
၎။ နောက်တစ်ဆင့်အနေဖြင့် FreeGate, GPass, GTunnel နှင့် UltraSurf Software များအား ဒေါင်းလုပ်ချပါ။ အားလုံးဒေါင်းလုပ်ချပြီး သုံးရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သင်နှစ်သက်ရာ တစ်ခုတည်း နှင့်လည်း အသုံးပြုနိုင်ပါသည်။ တစ်ခုဖြင့် မကျော်နိုင်ပါက အခြားတစ်ခုနှင့်ပြောင်းသုံးနိုင် ရန် (၄)ခုလုံး ဒေါင်းလုပ်ချထားပါရန် အကြံပြုလိုပါသည်။ ဒေါင်းလုပ်အရွယ်အစားများမှာ အလွန်းသေးငယ်သဖြင့် ဒေါင်းလုပ်ချရန်ခက်ခဲမည်မဟုတ်ပါ
(က) FreeGate
Dynaweb Site မှ FreeGate သည် (140)Kb ထက်ပင်ပို သေးငယ်သော Sforware တစ်ခုဖြစ်ပါတယ်။ ၄င်းတွင် ပုံတွင်ပြထားသည့်အတိုင်း Sever (၅)ခုကျော်ပါဝင်ပြီး Speed အမြန်ဆုံးတစ်ခုအား Default အဖြစ်အသုံးပြုထားပါသည်။ သင်သည် Mouse ကိုအသုံးပြုကာ နှိပ်ရုံဖြင့် Surver တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ FreeGate ကို ဒီနေရာမှာ ဒေါင်းပါ။

(ခ) GPass
GPass တွင်Version (၂)မျိုးရှိပါတယ်။ LiteVersion သည် (86)Kb သာရှိပြီး FullVersion မှာ (1.2)MB ရှိပါသည်။ GPass ကိုဒီနေရာတွင်ဒေါင်းပါ။

(ဂ) GTunnel
GTunnel တွင် အသုံးပြုနိုင်သည့် Proxy Server (၃)ခုပါဝင်ပါသည်။ DownLoad နှင့် UpLoad Traffic ကိုပြပြီး Meter (၂)ခုပါဝင်ပါသည်။ အရွယ်အစားမှာ ( )ဖြစ်ပါသည်။ GTunnel ကို ဒီနေရာတွင် ဒေါင်းလုပ်ရယူပါ။

(ဃ) Ultrasurf
138 Kb မျှသာရှိသော Portable Program တစ်ခုဖြစ်ပါသည်။ Proxy Server (၃)ခုပါရှိပြီး Speed ကောင်းသော Server ကို Default အဖြစ်အသုံးပြုထားပါသည်။ Speed ပိုကောင်းသော Server ကို မိမိကြိုက်နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်ပါသည်။ Monitor ၏ ညာဘက် အောက်ခြေတွင် ရွေရောင်သောခလောက်ပုံစံ Icon တစ်ခု ဖော်ပြနေမည်ဖြစ်သည်။ ၄င်းကောင်းသည် Ulterself ကို အသုံးပြုနေကြောင်း ပြသခြင်းဖြစ်သည်။ Ulterself ကို ဒီနေရာတွင် ဒေါင်းလုပ်ရယူပါ။

၅။ ယခုအခါ သင့်ကွန်ပျူတာတွင် Firefox add-on Gproxy Toolbar နှင့် တကွ Proxy Surfing (၄)မျိုးကို အသုံးပြုရန်အသင့် Install လုပ်ပြီးအသင့် ဖြစ်ပေသည်။ Firefox ရဲ့ GProxy Tollbar မှ Proxy Menu (၄)ခု ကို Click လုပ်ပြီး ဒေါင်းလုပ်ချထားသည့် Software တစ်ခုခြင်းစီကို ဖွင့်နိုင်အောင် ဆောင်ရွက်ပါ။
မှတ်ချက်။ သင်အသုံးပြုနေရသော Internet Access ကို သင့်Company (သို့ ) ကျောင်းက Server ခံပြီး ပိတ်ထားခဲ့မယ်ဆိုရငှ်Software တစ်ခုခြင်းစီက Option >Menual Proxy တွင် သင်သုံးရသော HTTP Proxy No. ကိုထည့်သွင်းရပါမည်။
ယခုအခါ သင်သည် Orkut, Youtube, Facebook နှင့် MySpace ကဲ့သို့သော ပိတ်ပင်ထားသည့် Website များကို ဖော်ပြပါ နည်းလမ်းကိုအသုံးပြုပြီး အလွယ်တကူ ကျော်ဖြတ်ဝင်ရောက်နိုင်မည်ဖြစ်ပေသည်။
စာရေးသူ။ Pron Site များအား ဒီနည်းဖြင့်မကျော်နိုင်ပါ။ အကယ်၍ သင့်မှာ အခြား Proxy Surface Software များရှိပါက ၄င်းကို GProxy Tollbar တွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။

Phzilla add-on သုံးပြီး ကျော်ကြည့်ရအောင်

Phzilla add on ကိုအသုံးပြုပြီး web site များကိုကျော်ခွမွှေနှောက်နိုင်ပါပြီ။
Add to Firefox ကိုနှိပ်ပြီး install လုပ်ပါ။firefox ကို restart ပြန်လုပ်ပါ
install လုပ်ပြီးရင် address bar မှာ P ဆိုတဲ့ icon လေးပေါ်လာပါမယ်။ဝင်မရတဲ့ site တွေကို icon ကိုနှိပ်ပြီး ကျော်လိုက်ပါ.
phzilla

No comments:

Post a Comment