Tuesday, November 20, 2012

ကွန်ပျူတာနည်းပညာများ

Showing posts with label computer. Show all posts

Monday, 7 November 2011

contral panal ပျောက်ရင်ပြန်ဖော်နည်း

My computer ကိုဖွင့်ပါ Tools---> Folder Options ကို click နိုပ်ပါ။ View ကို click နိုပ်ပါ.. Advanced setting : အောက်က
Show Control Panel in My Computer ကို check လုပ်ပါ ။ Apply ကို click နိုပ်ပါ ok ကို click နိုပ်ပါ ၊ ဒါဆိုရင်ပေါ်လာပါမည်။
Administrator ကိုဝင်ချင်တာလား မသိဘူးနော် အဲဒါဆိုရင်တော့ Welcome Screen ပေါ်လာတဲ့အချိန်မှာ Ctrl + Alt +Delete ကိုတွဲ နိုပ်ပါ
classic login box ပေါ်လာပါမည်။ name မှာ administrator ရိုက်ထည့်ပြီး ၀င်သွားပါ။ password တော့သိရမယ်နော်။
password မသိရင်တော့ computer ဆိုင်ရာဆွေးနွေးချက်များထဲ ၀င်ပြီး password ဖြုတ်တဲ့ software ကို download ချလိုက်ပေါ့
အဆင်ပြေပါစေသူငယ်ချင်းတို့ရေ
Views: 281
အမျိုးအစား: နည်းပညာ

Sunday, 30 October 2011

Hardisk Error စစ်နည်း

မိမိ ကွန်ပျူတာ ရှိ hard disk များ ပုံမှန် အလုပ်
လုပ်တော့ တာ၊ error တက်နေတာ
မျိုးကြုံတွေ့ ခဲ့ ရင်ဒီနည်းလေးနဲ့
ဖြေရှင်းလိုက်ပါဗျာ..

၁။ မိမိ ပြုပြင်လိုတဲ့ ကွန်ပျုတာကို Right click လုပ်ပြီး

Properties ကိုရွေးပါ
၂။Hard Disk Properties Dialog Box ကျလာပါမယ်
Menu Bar မှ Tools ကိုရွေးလိုက်ပါ
၃။Check Now ဆိုတဲ့ button လေးကို click လိုက်ပါ
၎။Check Disk My Hard Disk ဆိုတဲ့ box ကျလာပါဦးမယ်
Autromatically fix file system errors ,
Scan for and attempt recovery of bad sector ဆိုတဲ့
စာကြောင်း နှစ်ခုလုံးကို Check လုပ်ပြီး Start button ကို
ကလစ်လိုက်ပါ
ကျွန်တော် ဒီနည်းလေးနဲ့ စမ်းကြည့်တာတော့
Restart အရင်တောင်းတယ် ဘာလို့လဲတော့ မသိဘူး
Restart ပေးပြီး ပြန်တက်လာရင်တော့
Ok သွားပါတယ်

အဆင်ပြေပါစေဗျာ

Wednesday, 26 October 2011

ကွန်ပျူတာအခြေခံ အပိုင်း(၉)

ကွန်ပျူတာအခြေခံ အပိုင်း(၉)


လွမ်းက AutoCAD လို့ ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်…


CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ… ကွန်ပျူတာအကြောင်း မသိပဲ ကွန်ပျူတာနဲ့  ပုံဆွဲတာကို သင်ကြားပေးလို့  မရပါဘူး…


လွမ်းရေးခဲ့တဲ့ ကွန်ပျူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှီ သိသင့်တဲ့ ကွန်ပျူတာနဲ့  ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်…


လွမ်း ရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့  အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး…


ကွန်ပျူတာကို သုံးနေသူတစ်ယောက်အနေနဲ့  အခြေခံ သိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်…


အခုနောက်ပိုင်း Laptop ၀ယ်သည်ဖြစ်စေ၊ Desktop ၀ယ်သည်ဖြစ်စေ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်…


WindowsXP တုန်းက သုံးရကကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်…


Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်… ဒါပေမဲ့ တစ်ချို့  Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်…


Windows7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့  လွယ်ကူတာကို တွေ့ ရမှာပါ…


ဒီနေ့ တော့ မိမိရဲ့ ကွန်ပျူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့  ပတ်သက်လို့  ဆွေးနွေးချင်ပါတယ်…


လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့  Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်…


Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားရင် ပိုကောင်းပါတယ်…


Open Files


You can open a file directly from My Computer or Windows Explorer to display its contents on your screen.
Each file on your computer is associated with a program. When you open a file, the associated program starts automatically. For example, bitmap files with the extension .bmp are usually associated with the Paint program. When you pen a file with the .bmp extension, the Paint program starts and the file is opened.
If Windows does not know which program to start, the Open With dialog box appears. You can choose which program you want to use to display the file.

Windows7 မှာ Windows Explorer ဖွင့်တာဟာ Libraries ကို Click လုပ် ဖွင့်လိုက်ရုံပါပဲ…



ဒီနေရာမှာ မိမိဖွင့်ထားတဲ့ Path လမ်းကြောင်းလေးကို Address Bar က ပြနေမှာ ဖြစ်ပါတယ်…


မိမိရွေးချယ်ထားသော File ရဲ့ အချက်အလက်တွေကို Status Bar ကနေ ပြနေမှာပါ…



Menu Bar မှလည်း မိမိ အသုံးပြုလိုရာကို ရွေးချယ်ပေးနိုင်ပါတယ်… ဥပမာ Organize Menu ကို Click လုပ်ကြည့်လျှင် Cut, Copy, Paste, Rename, Select All စသဖြင့် ပါရှိမှာပါ…



လွမ်းက My Pictures အောက်မှာ DL Pictures လို့  Folder လေးတစ်ခု ဖွင့်ထားတာပါ…


My Pictures အောက်မှာ Folder အသစ်ဖွင့်လိုပါက My Pictures တွင် Mouse Pointer ထားပြီး Right Click ပြုလုပ်ပါက ပေါ်လာသော Pop-up Menu ထဲမှ New>>>Folder ကို ရွေးပြီး မိမိပေးလိုသော နာမည်ကို ပေးရုံပါပဲ…

လွမ်းက Comment ပေးတဲ့အခါ ပုံလှလှလေးတွေ လိုက်ပေးတတ်သလို ကိုယ့်ဆီလာပေးတဲ့ပုံလေးတွေကိုလည်း သိမ်းထားတတ်ပါတယ်…


ပုံတွေက မျိုးစုံပါဝင်တာမို့ လွမ်းက DL pictures ထဲမှာ Folder တွေ ထပ်ခွဲထားပါတယ်…



ပုံမှာ မြင်ရတဲ့အတိုင်း ၀က်ဝံ၊ ကြောင်၊ စုံတွဲ၊ ကော်ဖီ၊ နှင်းဆီ စသဖြင့်ပါ…


ခုဆိုရင် Address Bar မှာ မြင်ရတဲ့အတိုင်း Coffee ဆိုတဲ့ Folder ကို ဖွင့်ထားတာပါ…


ဘယ်ဖက်ခြမ်းမှာက Folder များကိုသာပြပြီး ညာဖက်ခြမ်းမှာ မိမိရွေးချယ်ထားတဲ့ Folder ထဲမှ Files များကို ပြတာပါ… လွမ်းသိမ်းထားသော ကော်ဖီပုံများကို မြင်ရမှာပါ…


အဲဒီ File တွေထဲက ကိုယ်ဖွင့်ချင်တဲ့ ပုံကို Double Click လုပ်တာနဲ့  ပွင့်သွားမှာပါ…


Open File လုပ်လိုက်တာပါ… ကိုယ်ထည့်ထားတဲ့ Software ပေါ်မူတည်ပြီး ပုံကို ဖွင့်ပြမှာပါ…


လွမ်းရဲ့ Coffee ပုံက Windows Photo Viwer နဲ့  ပွင့်သွားတာပါ…




ကိုယ်ဖွင့်ချင်တဲ့ Software Location ကိုလည်း ပေးလို့ ရပါတယ်…


ပေးပုံပေးနည်းက Double Click မလုပ်ပဲ ကိုယ်ဖွင့်ချင်တဲ့ပုံကို Mouse Pointer ထားပြီး Right Click >>>Open with ဆိုတာကို ထောက်လိုက်ရမှာပါ…

ကိုယ့်စက်ထဲမှာ ရှိတဲ့ Software ပေါ်လာပါလိမ့်မယ်…


ဥပမာ- လွမ်းက ပုံကို ချဲ့ ချင် (သို့ မဟုတ်) ချုံ့ ချင်တဲ့အခါ Open with ထဲက Microsoft Office Picture Manager ကို ရွေးပြီး ဖွင့်လိုက်ပါတယ်…
ပုံဟာ Microsoft Office Picture Manager နဲ့  ပွင့်လာပါတယ်… ဒီနေရာမှာ ပြောချင်တာက မိမိစက်မှာ Microsoft Office တင်ထားမှသာ Picture Manager က ပါလာမှာပါ…


Open Recently Used Files


Windows helps you quickly find and open a file you recently worked with.
Windows remembers the last files you opened or saved and displays the names of the files in a list on the Start menu. You can quickly open any of these files to review or make changes to the files.


Windows7 မှာ မိမိနောက်ဆုံးအသုံးပြုခဲ့သော Files များကို သိမ်းထားတဲ့အတွက် အလွယ်တကူ ပြန်လည်ဖွင့်နိုင်ပါတယ်…


Start ကို Click ပြုလုပ်တာနဲ့  မိမိသုံးခဲ့သော Software များတွင် မျှားအနက်ပေါ်နေပြီး နောက်ဆုံး သိမ်းခဲ့သော File ၁၀-ခုကို ပြထားသည့်အတွက် မိမိဖွင့်လိုသည့် File ကို ဖွင့်ရုံပါပဲ…


လွမ်းက အခုစာနှင့်တွဲ၍ Paint တွင် Print Screen ပုံများ Paste ပြုလုပ်သိမ်းထားသည့်အတွက် Paint တွင် လွမ်းနောက်ဆုံးသိမ်းခဲ့သော ပုံများ ရှိနေပါတယ်…



မိမိဖွင့်လိုသောပုံကို Click ပြုလုပ်ရုံမျှဖြင့် သက်ဆိုင်ရာ Paint Software တွင်ပွင့်သွားမှာ ဖြစ်ပါတယ်…


မိမိနောက်ဆုံးနားထောင်ခဲ့သောသီချင်းများ၊ ပုံများ၊ စာများကို Start ပြုလုပ်ပြီး ပြန်လည်ဖွင့်နိုင်ပါတယ်…



ဒီနေ့ တော့ File လေးတွေကို Folder ခွဲသိမ်းတတ်ဖို့ နဲ့  ဖွင့်ပုံ၊ ဖွင့်နည်းလေးကိုပဲ ဆွေးနွေး ရေးသားပါတယ်…


ကွန်ပျူတာကို သုံးခြင်းဖြင့် နည်းပညာများ တိုးတက်ပါစေ…






လွမ်းဧကရီ
၂၁-၀၆-၂၀၁၁
ညနေ ၂း၁၀ နာရီ

မျှဝေမည် Twitter

Forder Icon လေးတွေကိုမိမိတို့ပုံလေးတွေနဲ့ထားကြည့်၇အောင်

နေမင်းမောင်

Forder Icon လေးတွေကိုမိမိတို့ပုံလေးတွေနဲ့ထားကြည့်၇အောင်


ဒါကတော့ကျွန်တော့် Destop ပေါ်မှာ၇ှိတဲ့ Icon လေးတွေကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးတွေပြောင်းပြီးထား
ချင်သူများအတွက်နည်းလမ်းလေးပါ။လုပ်နည်းလေးကတော့လွယ်ပါတယ်............

1.အ၇င်ဆုံး Start ကိုနှိပ်ပြီး Search Programs and Files ဆိုတဲ့ဘောက်လေးထဲမှာ Paint ကို၇ိုက်ပြီး Enter ခေါက်လိုက်ပါ။Start ကိုနှိပ်လိုက်တာနဲ့လဲ Paint ဆိုတာလေးကိုတွေ့ ပါလိမ့်မယ်။Paint ကိုဖွင့်လိုက်ပါ။


2.Paint ပေါ်လာ၇င် Open ကနေမိမိတို့ကြိုက်တဲ့ ပုံလေးကိုေ၇ွးလိုက်ပါ။Ctrl + O ကိုနှိပ်လိုက်၇င်လဲ၇ပါတယ်။


3.ဓာတ်ပုံပေါ်လာ၇င် Save as မှာ BMP နဲ့ Save လိုက်ပါ။Save as box ပေါ်လာ၇င် file name ကိုေ၇ှ့ကမိမိတို့
  ကြိုက်တဲ့နာမည်ပေးပြီး .ico နဲ့ Save လိုက်ပါ။ဥပမာ - ( aaa.ico )


4.ပြီး၇င်ကျွန်တော်တို့ပြောင်းချင်တဲ့ Forder Icon လေးကို Right Click ထောက်ပါ။ပြီး၇င် Properties  ကိုနှိပ်
   လိုက်ပါ။ Customize ကိုသွားပါ။ Change Icon ကိုနှိပ်လိုက်ပါ။


5.Browser ထဲကနေပြီးကျွန်တော်တို့ခုနက Save ထားတဲ့ပုံလေးကိုေ၇ွးလိုက်ပါ။ပြီး၇င် OK ။ Apply ။ OK 
   ပေးလိုက်ပါ။ဒါဆို၇င် Forder Icon လေးကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးနဲ့ထားလို့၇သွားပါပြီ။
Tags: file

Hardware တွေပုံမှန်အလုပ် လုပ်ရဲ့လား

မိတ်ဆွေ အပေါင်းအသင်းတို့ ရဲ့ ကွန်ပျူတာမှာ
တပ်ဆင်ထားတဲ့ Hardware ကောင်းစွာ
အလုပ်လုပ်ခြင်း
ရှိမရှိ ကြည့်ရှုတဲ့ နည်းလေးပါ အလွန်အသုံးဝင်မယ်လို့
ထင်ပါတယ်ဗျာ
ပထမဆုံး Run box မှာ “ devmgmt.msc” လို့ ရိုက်ထည့် ပြီး
enter ခေါက်ပါ
Device Manager ဆိုတဲ့ box အခုလိုကျလာ ပါမယ်
အခုဆိုရင်တော့ သင်ရဲ့ ကွန်ပျူတာမှာ
ချိတ်ဆက်အသုံးပြုထားတဲ့
Hardware တွေ ပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာ ကို
တွေ့မြင်နိုင်ပါပြီ
အဲဒီမှာ တစ်ခုခု ချို့ယွင်းနေရင် “ ? “ ပုံစံနဲ့ ပြနေမှာပါ
Scan (or) or reinstall ပြုလုပ်ခြင်းအားဖြင့်
ဖြေရှင်းနိုင်ကြောင်းပါဗျာ
www.mawcity.com(saikothu@mawcity.com)
အမျိုးအစား/ကဏ္ဍ: D., Manager

Mouse မရှိသည့်အခါ ကီးဘုတ်ကို မောက်အဖြစ်ပြောင်းသုံးနည်း

ခိုင်မြဲ

Mouse မရှိသည့်အခါ ကီးဘုတ်ကို မောက်အဖြစ်ပြောင်းသုံးနည်း

          မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။
   ၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
    ၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
    ၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
    ၄။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
    ၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
    ၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
    ၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
    ၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
    ၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
    Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
    ၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
    နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။


ဒီနည်းလေးကို နည်းပညာဆုံမှတ်ထဲက ရရှိပါတယ်

သင်အိပ်ပျော်သွားလျှင် သင့်ရဲ့ ကွန်ပျူတာကိုလည်း အိပ်စေချင်လား ?

ခွန်မောင်ပန်

သင်အိပ်ပျော်သွားလျှင် သင့်ရဲ့ ကွန်ပျူတာကိုလည်း အိပ်စေချင်လား ?

ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ဒီလိုပဲပေးလိုက်တာပါ ။ တော်ကြာနေ....တစ်ယောက်ယောက်က ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာကောင်းသား ကြည့်လိုက်တော့ ဘာမှမဟုတ်ဘူးတဲ့ ခြေထောက်ညောင်းတာပဲတဲ့ ။ တော်ပါပြီ ပြောတော့ဘူး။ နည်းကတော့ မဆိုးဘူး ။ စက်ကို ။ဒီတိုင်း မသုံးပဲ ဆယ့်ငါးမိနစ်လောက်ထားရင် သူ့ဖာသာသူ ပိတ်သွားတဲ့နည်းပါ ။ လိုအပ်မယ်ထင်လို့ ရေးလိုက်တာပါဗျာ ။ မလိုဘူးဆိုရင်လည်း မဖတ်နဲ့ပေါ့ :) နောက်တာ စိတ်ဆိုးရဘူး။
ကျွန်တော့်စက်က ခုတစ်လော သုံးရတာ သိပ်အဆင်မပြေလို့ ပုံတွေမှာ စာထပ်မထည့်တော့ဘူး ။ သေချာရေးပေးမယ် ။ သေချာဖတ်ပြီး သေချာကြည့်မယ်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ် ။
ကဲစရအောင် ... Start>>>>>Menu>>>>Search program and file မှာ ဒါလေးကို ရိုက်ထည့်လိုက်ပါ ။
task scheduler .....အဲသလိုဆိုရင် ဒီလိုလေး တက်လာမယ် 
အဲဒါကို နှစ်ချက်ဆက်တိုက်လောက် နိပ်ပေးလိုက်ပါ ။ သူပွင့်လာလိမ့်မယ် ....ခဏလေးစောင့်ပေး....
အင်း....တက်လာပြီဆိုရင် Create Task ကို ရွေးပေးပါ ...ခဏလေးစောင့်......ပုံကြည့်လိုက်ပါဦး...
ကဲ...တွေ့ကြတယ်နော်....အဲဒီမှာ.....ရွေးစရတွေအများကြီးရှိတယ်....တစ်ဆင့်ချင်း ရွေးသွားမယ်.....
နာမည်ကို Shout Down at Night လို့ပေးမယ်Run with highest privileges မှာ အစက်လေးထည့်ပေးလိုက်ပါဗျာ ။ ပုံလေးကို သေချာကြည့်လိုက်ပါ ။ နားလည်တယ် ဟုတ် ။ မရဘူး ထပ်ရှင်းပြတော့မလုပ်ပါနဲ့ဗျာ ။ အသစ်အသစ်တွေ ထပ်ရေးဖို့ လုပ်နေရလို့ပါ ။
ကဲ အပေါ်က ခေါင်းစဉ်ကို ကြည့်ပါဦး ခုက General နော် ။ ပြီးပြီ ဒါက ။
နောက်ထပ်တစ်ခုသွားပြီးတော့ ရွေးစရာရှိတာတွေကို ရွေးဦးမယ် ။Triggersပါ ။  အဲဒီမှာ New ကို တွေ့တယ်မလား ။အဲဒါကို တစ်ချက်လောက် နိပ်ပေးလိုက်ပါဗျာ ။ ပြီးရင် Boxလေး တစ်ခုတက်လာမယ် ။ အဲဒီမှာ Daily ကို ရွေးပြီးတော့ အိုခေ ပေးလိုက်ပါ ။ ပုံကို ကြည့်ပါဦး ။
ကဲ Triggers ပြီးပြီ.. ကဲခု Actions ကို သွားပါမယ် ။အဲဒီမှာ Browse မှာ shutdown ကို ရွေးပါ ။
စကားချက် ။ ။ shutdown ကို ရှာရာမှာ Disk C>>>Window>>>>System32>>>shutdown က အစဉ်တိုင်းပါ ။မေးနေကြဦးမှာ မို့လို့ ကြိုပြောထားတာ :) :) :)
ကဲပြီးရင် အိုခေ လိုက်ပေါ့ ။ အောက်က ပုံကိုကြည့်ပါ ။
Actions လည်းပြီးပြီဆိုတော့ နောက်တစ်မျိုး ထပ်ပြောင်းမယ်.....Conditions ပါ ။ အဲဒါက လွယ်ပါပြီ အပုံလေးကို ကြည့်ပြီးတော့ ပြောင်းလိုက်ရုံပါပဲ ။ ဒါပေမယ့် အပုံကို မမြင်နိုင်မယ့် လူလည်း ရှိဦးမှာကိုး ။ အောက်မှာ မိမိအိပ်ပြီးရင် မင်းဘယ်ချိန်အိပ်ဖို့ မိမိကြိုက်တဲ့ အချိန်ကို ပြောလိုက်ပေါ့ ။ ပြောင်းလိုက်ပေါ့ ။ တစ်ခုတော့ ရှိတယ်နော် ။ ဘက်ထရီ ဘယ်လောက်ခံတာလဲပေါ့ ။ တော်ကြာနေ အားလည်း သွင်းမထားဘူး ။ ဒီတိုင်းပဲ သုံးနာရီလောက်နေပြီးမှ မင်းအိပ်ဆိုပြီးတော့ သွားခိုင်းလိုက်ရင် ။ အားကုန်လို့ မအိပ်ခင် ပိတ်သွားဦးမယ် ။ ပြီးမှ comment မှာ December Mgmgကြောင့်လို့တော့ လာမပြောနဲ့နော် ။ ကြိုပြောပြီးသား :P :P :P
ကဲပြန်စမယ် Conditions မှာ ချူပ်လိုက်ရင် အချိန်ကြိုက်တာရွေး အောက်ဆုံးနှစ်ခုကလွဲရင် အကုန်အစက်ထည့်ဒါပဲ ။ မယုံရင် ပုံကြည့်လိုက် ။
ကဲနောက်ဆုံးအဆင့်တောင် ရောက်လာပြီ....Settings ပါ ။ အဲဒါကို ရွေးတာလည်း မခက်ပါဘူး ။
ချူပ်ပြီးတော့ပဲ ပြောတော့မယ် ။ အရမ်းအိပ်ချင်နေပြီ :)  

Conditions လိုပဲ အောက်ဆုံးတစ်ခုကလွဲရင် အကုန်အစက်ထည့်ပေးလိုက် ရုံပဲဗျာ ။ ပြီးရင် အိုခေ ။ ကျွန်တော်လည်း အိုခေပြီ ။ အိပ်ပြီ ။ကွန်ပျူတာတော့ ဒီတိုင်းပဲ နောက်ဆယ့်ငါးမိနစ်လောက်မှာ အိပ်လို့ ပြောထားလိုက်ပြီ ။ အဆင်မပြေရင် ပြောပါဗျာ ။ သိကျွမ်းတဲ့လူတွေက ပြောပြပါလိမ့်မယ် ။ ကျွန်တော်တော့ တော်ပြီ ပြောပြတော့ဘူး ။ 
ခွန်မောင်ပန်http://www.decembermgmg.co.cc/
Share Twitter
Views: 210

ကွန်ပျူတာကို စကားပြောခိုင်းကြရအောင်.....

ခွန်မောင်ပန်

ကွန်ပျူတာကို စကားပြောခိုင်းကြရအောင်.....

ကျွန်တော်ရှာတွေ့ထားတဲ့ ကွန်ပျူတာကို စကားပြောခိုင်းတဲ့ နည်းလေးပါ ။ လွယ်လွယ်လေးပါဗျာ ။သိပြီးသားဆိုရင်လည်း တောင်းပါန်ပါတယ် ။ မသိသေးတဲ့ သူတွေအတွက် ပါ ။
ကဲ ပထမဆုံး Notepad ကို ဖွင့်ပါ ။ Run>>>>notepad လို့ရိုက်လိုက်ပါ ။

ကဲ ...အဲဒီထဲမှာ ဒီစာသားလေးတွေကို ကူးထည့်လိုက်ပါ ။

  Dim Message, Speak
          Message=InputBox("Enter text","Speak")
          Set Speak=CreateObject("sapi.spvoice")
          Speak.Speak Message

ပြီးရင်တော့ Speak.vbs နာမည်နဲ့ သိမ်းလိုက်ပါ ။

ပြီးရင်တော့ သိမ်းထားတဲ့ နေရာလေးမှာ အဲဒီ File ကို ပြန်ဖွင့်ပါ ။ ပြီးရင် သင်ပြောလိုတဲ့ စကားလုံးကို ရိုက်ထည့်ပြီးတော့ အိုခေ လိုက်ပါဗျာ ။
အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်http://www.decembermgmg.co.cc/

Ctrl + Z အကြောင်း

ကျွန်တော်ခု Ctrl + Z အကြောင်းကို နည်းနည်းလောက် ဖောချင်တယ်ဗျာ :D  ကျွန်တော်ရဲ့ သုံးနေကျ အမြဲတမ်းပဲ အသုံးဝင်နေတဲ့ Ctrl + Z ဆိုတဲ့ Shortcut key ပါ ။ သိပြီးသား လူဆိုရင်လည်း နားငြီးနေမှာပေါ့ဗျာ ။ ဒါပေမယ့် မသိသေးတဲ့ လူတွေတော့ ကျွန်တော့်ကို အထင်မကြီးပါနဲ့ :D တကယ် ဘာမှမဟုတ်လို့ပါဗျာ ။
သိသလောက်ကတော့....
      ၁။ ဖျက်မှား သမျှဖိုင်တွေကို ပြန်ယူနိုင်ခြင်း (Undo)
     ဒါတော့ ကျွန်တော်ရဲ့ ဖြစ်နေကျ အမှားလေးပဲ အပုံတွေကို လုပ်ပြီးတော့ စာတွေဘာတွေရေး ဘလောဂ့်မှာ တင်ဖို့လေ ။ အဲဒါကို မသုံးရသေးတဲ့ အပုံတွေကို ခဏခဏဖျက်မှားနေကျ ။ အဲဒီခါကျရင် Ctrl + Z ကို နိပ်လိုက်ရုံနဲ့ အေးဆေးပဲ ပြန်ရပြီ ။ ဒီလိုဖြစ်ရင် ဒီနည်းကို မမေ့နဲ့ ။ တစ်ခုတော့ ရှိတယ် Recycle Bin ထဲကို ရောက်ပြီးတော့ ဖျက်ပြီးသွားရင်တော့ Ctrl + Z က မကယ်နိုင်တော့ကြောင်းပါ ။ အရေးကြီးတယ် ဆိုရင်တော့ မှားဖျက်သမျှကို ပြန်ယူပေးတဲ့ ဆောပ်ဝဲလ်ကို ကျွန်တော် တင်ပေးပြီးပါပြီဗျာ ။
     ၂။ဖိုင်နာမည်ကို မှားပြောင်းရင် ပြန်ပြင်နိုင်ခြင်း
      ဒါတော့ ဖြစ်လာရင် သုံးလို့ရပါတယ် ။ တစ်ချို့ဆောပ်ဝဲလ်ကို နာမည်ပြောင်းမှားတာတို့ဘာတို့ ။ ချုပ်ရရင် နာမည်မှားပြီးပြောင်းရင် Ctrl + Z ကို နိပ်လိုက်ရုံဖြင့် မူလ နာမည်သို့ ပြန်ရောက်စေချင်းပါ ။
      ၃။ နေရာပြောင်းရာတွင် နေရာပြောင်းမှားခြင်းကို မူလနေရာသို့ ပြန်ရောက်စေချင်း
ဒီတစ်ချက်တော့ ဆိုပါတော့ Folder တစ်ခုက GB နဲ့ ချီပြီးတော့ ရှိတာကိုး ။ ပြောင်းမှားရင် ဘယ်နှယ့်လုပ်မှာတုန်း Copy + Past ရင်ပေါ့ ။ ဒါမှမဟုတ် အလွယ်တကူပဲ Move နဲ့ ဟိုထဲ ဒီထဲကို ဆွဲထည့်မှားပြီးတော့ ဘယ်နားရှိမှန်း မသိပျော်သွားရင်ရော....ပြန်ပြီး
တော့ ကော်ပီဖို့က နည်းတဲ့ ဆိုဒ်မဟုတ်ဘူး ။ ကြာမယ်...အချိန်ကုန်မယ်... မတော်လို့ ခက်ခက်ခဲခဲ ပို့လာပေးတဲ့ အပုံကို (မြန်မာနိုင်ငံက ကွန်နဲ့ ဆိုရင်ပေါ့ ) ဟီး...အနော်တောင် ပို့ခိုင်းတာ မရသေးဘူး ။ ဖိုင်အများကြီးထဲ သွားရောနေရင်ကော ခက်ချေဘူးလား :D ဒီအတွက်လည်း Ctrl + Z ကို နိပ်လိုက် မူလနေရာကို ပြန်ရောက်နေလိမ့်မယ်ဗျာ ။
    ၄။ မှားချက်တဲ့ စာသားတွေကို ပြန်လည် ယူချင်း
ဒီတစ်ချက်ကလည်း အသုံးဝင်ပါတယ် ။ စဉ်းစားကြည့်နော်...ခံစားချက်ပြင်းပြင်းနဲ့ တွေးပြီး ရေးတဲ့ စာသားက မှားပြီးတော့ ဖျက်မိလိုက်ရင် ဘယ်နှယ့်တုန်း သေပြီဆရာပဲ...နှမြောစရာကြီးနော်.... ကျွန်တောင် ဘလော့ကိုပြင်တယ် စာရေးတယ် HTML ကို ပြင်တယ် ။ မှားပြီးတော့ ဖျက်မိတာများတယ် ။ မမှုဘူး....
Ctrl + Z ကို တစ်ချက်တည်း နိပ်လိုက်ရုံနဲ့ စာသားတွေက ဘွားကနဲ့ ပြန်ပေါ်လာရော... အသုံးဝင်လှပါတယ်။
    ၅။ ဖိုတိုရှောပ်စတဲ့ ဆောပ်ဝဲလ်ကို သုံးရင်း မှားလုပ်ခဲ့မိတာကို ပြန်လည် ပြင်ဆင်နိုင်ခြင်း
ဒါတော့ ဖိုတိုရှောပ်သမားတိုင်းသိပါတယ် ။ ကျန်တဲ့ Office တို့မှာလည်း တူတူပဲပေါ့ ။ အဲ....မသိသေးရင်ဗျာ..ဖိုတိုရှောပ်က Ctrl + Z ဆိုရင် သိပ်စုံသေးဘူး Ctrl + Ait + Z တွဲနိပ်လိုက်ရင် တော်တော်လေးကို နောက်ပြန်ဆုတ်လို့ရတယ်ဗျာ ။ ဒါလည်း အသုံးဝင်တာပါပဲဗျ ။
Ctrl + Z ရဲ့ အသုံးဝင်မှုကို သိလောက်ကြမယ် ထင်ပါတယ်ဗျာ ။ ဒါတော့ ကျွန်တော် သိတာ အကုန်ပဲ ။ သိကြသေးရင် ပြောပြပါဦးလို့ ။
          ခွန်မောင်ပန်http://www.decembermgmg.co.cc/ --
မှော်ဆရာအဖွဲ

memory stick နဲ့ ကွန်ပျူတာရဲ့ speed ကိုမြှင့်တင်နိုင်ရန်...

zay ko

memory stick နဲ့ ကွန်ပျူတာရဲ့ speed ကိုမြှင့်တင်နိုင်ရန်...


Memory Stick နဲ့ ကွန်ပျူတာရဲ့ speed ကိုမြှင့်တင်နိုင်ရန်

       ဒီအကြောင်းအရာကတော့ ကျနော်တို့လို့Browser page တွေအများကြီးသုံးတဲ့သူတွေ နောက်ပြီးမိမိကွန်ပြူတာကို အပတ်စဉ် maintenance မလုပ်နိုင်တဲ့သူတွေ ကွန်ပြူတာစက်နှေးကွေးနေတဲ့အခါ

ပထမဆုံး speed တိုးလိုလျှင် Vista (or)window 7 ရှိဖို့တော့လိုပါတယ်။ Stick ကို ထိုးလိုက်လျှင် Auto Run box တက်လာပါလိမ့်မယ်။ အောက်ဆုံးမှ speed up my PC with ready boast ကိုရွေးလိုက်ပါ။ drive properties ထဲကိုရွေး၍ ReadyBoast tab ကိုရွေးလျှင်လည်းရပါတယ်။ ReadyBoast tab ထဲတွင် use readyboast ကို check ပေးလိုက်ပါ။ အောက်တွင် တိုးနိုင်သော memory size ကိုပေးထားပါတယ်။ (လိုသလိုချိန်ညှိနိုင်ပါတယ်) OK နှိပ်လိုက်ပါ။ Memory (RAM) ပမာဏ ကို memory stick မှ ခွဲဝေသုံးစွဲခြင်းဖြစ်ပါတယ်..
Comment အကြံပြုစာရေးမယ်

Tuesday, 25 October 2011

BIOS password ကို Cmos battery မဖြုတ်ဘဲ command line မှ crack လုပ်နည်း

megaupload ကနေ premium နဲ့ဒေါင်းလော့ဆွဲနည်း
အားလုံးပဲ ဒီလင့်လေးမှာ
premium လိုဒေါင်းလို့ရပါတယ် ဒါပေမယ့် တစ်နေ့မှာသုံးကြိမ်လောက်ပဲဒေါင်းလို့ရပါတယ်။
http://www.megapid.com ကိုသွားလိုက်ပါ။ အဲ့ဒီမှာgenerate ဘေးနားမှာ
သွားပြီးတော့ ကိုယ်ဒေါင်းမယ့်လင့်
လေးကိုcopy/paste လုပ်လိုက်ပါ။ပြီးတဲ့အခါကျရင်တော့ generate ကို နှိပ်လိုက်ပါ။
ပြီးရင်တော့ အောက်ခြေနားကိုနည်းနည်းဆင်းပြီးတော့ သူပေးထားတာလေးတွေကိုဖြည့်လိုက်ပါ။
ပြီးရင်တော့ အောက်နားလေးက create download link ဆိုတာကို နှိပ်လိုက်ပါ။
ပြီးရင်တော့ အောက်ခြေ နားက click here to download
ဆိုတာလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်။
အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်။

BIOS password ကို Cmos battery မဖြုတ်ဘဲ command line မှ crack လုပ်နည်း

1.cmd ကိုခေါ်လိုက်ပါ။
2.debugလို့ရိုက်လိုက်ပါ။
ပြီးလျှင်တော့ အောက်ကဟာလးတွေကို ဆက်ရိုက်လိုက်ပါ။
0 70 10
0 71 20
quit
exit

ပြီးနောက် စက်ကို restart ချလိုက်ပါ။







start menu မှ shutdown ကိုဖျောက်ထားခြင်း

Start Menu က Shutdown ကို Registry ကနေဘယ်လိုမျိုးဖျောက်ထားနိုင်သလဲဆိုတာကို ဖော်ပြပေးမှာပါ
အဲ....ဒါပေမယ့် Registry မှာဝင်ရောက်ပြင်ဆင်ရမှာဆိုတော့အသေအချာလေးကြည့်ပေးပါနော်။ ၎င်း Configuration အကုန်လုံးကိုအောက်မှာ ရှင်းပြပေးထားတယ်နော်... (1) start > Run> regedit လို့ရိုက်ထည့်ပါ။(2) HEK-CURRENT-USER(3) Software(4) Microsoft(5) Windows(6) Current Version(7) Policies(Cool Explorer ၌ Key အသစ်တခုဖန်တီးပါ။

Key > DWORD ValueValue Name > NoCloseValue Data > 1

ကဲ.... အပေါ်မှာ ပြပေးထားတဲ့ Step by Step ကို တစ်ဆင့်ခြင်းပြုလုပ်ကြည့်ပါ။
                                                                                                                                      www.itfriendships.org, မှကူးယူဖော်ပြပါသည်..

Shift+Delete မသုံးပဲ ဖိုင်တွေဖျက်မယ်

ဖိုင်တွေဖျက်တဲ့အခါ Recycle bin ထဲမ၀င်ဖို့အတွက်ဆို Shift+Delete သုံးရတာ အလုပ်ရှုပ်တယ်ထင်ရင်.. ဒီလိုလုပ်လို့ရပါတယ်.. Delete သုံးလိုက်တိုင်း Recycle bin ထဲမ၀င်ပဲ Shift+Delete သုံးသလို ပျက်သွားမှာပါ.. P.S.. တစ်ခုတော့ရှိပါတယ်.. မှားဖျက်မိတာ.. လက်ချော်သွားတာတွေ အတွက်တော့ အာမခံမရှိဘူးနော်.. စမ်းကြည့်ချင်တယ်ဆိုရင်...



- Recycle bin ကို right-click နဲ့ Properties ထဲဝင်လိုက်ပါ..

- နောက် “Don't move files to the Recycle Bin. Remove files immediately when deleted” ကိုရွေးပေးပြီး OK လိုက်ပါ.. ဒါဆို ဖျက်လိုက်သမျှ Recycle ထဲမ၀င်ပဲ စိတ်ချလက်ချ သုံးလို့ရပါပြီ..။ [Windows 7 မှာဆို ကိုယ်ဖျက်လိုက်တဲ့ ဘယ် Partition ကဖိုင်တွေကိုပဲ Recycle bin ထဲမရောက်အောင်လုပ်မလဲဆိုတာ ရွေးလို့ရပါတယ်.. Partition အားလုံးကို effect ဖြစ်ချင်တယ်ဆိုရင် တစ်ခုချင်းစီရွေးပြီး လုပ်ပေါ့.. Window XP မှာဆိုရင် Partition အားလုံးကို effect ဖြစ်ချင်တယ်ဆိုရင် Global tab ကနေသုံးလို့ရပါတယ်..]

ကွန်ပျူတာကို ပိုမိုနားလည်တတ်ကျွမ်းလိုသူများအတွက် Group Policy သို့  ဝင်ရောက်မွှေနှောက်လိုက်ရအောင်

mdytnt

ကွန်ပျူတာကို ပိုမိုနားလည်တတ်ကျွမ်းလိုသူများအတွက် Group Policy သို့  ဝင်ရောက်မွှေနှောက်လိုက်ရအောင်

ကွန်ပျူတာသုံးစွဲ သူုတိုင်း သိထားသင့်တဲ့  အချက်အလက်တွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ် ။ ကဲ့ စတင်လိုက်ကြရအောင်လား  …………..  …

Task Manager ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Task Manager ကို ပြန်ဖော်ဖှို့ က -
Start >> Run >> gpedit.msc လို့ ရိုက်ပြီး enter နိုပ်လိုက်ပါ ။ ပြီးရင်  Administrative Templates >> System >> Ctrl+Alt  Del Option ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Remove Task Manager  ကို ကလစ်နှိပ်ပြီး  Disabled ကိုရွေးပြီး  Apply >> Ok  ဆိုရင်ရပါပြီ ။
Task Manager ကို ဖျောက်ထားချင်ရင်  Enabled  ကိုေ၇ွးလိုက်ရင် ရပါတယ်


Search Program ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာရဲ့ Search Program  ကို ဖျောက်ချင် ဖော်ချင်သူများ အတွက်
Search Program ကို ပြန်ဖော်ဖို့ က
Star >> Run >> gpedit.msc လို့ ရိုက်ပြီး enter  နှိပ်ပါ ။ ပြီးရင် Administrative Templates >>  Windows Explorer  ကို  ကလစ်နှိပ်ပါ ။  ပြီးရင် ညာဘက်အကွက်ထဲက  Remove Search menu from Start Menu ကို ကလစ်နှိပ်ပြီး  Disabledကိုရွေးပြီး Apply >> Ok  ဆိုရင် ရပါပြီ
 Search Program  ကိုဖျောက်ထားချင်ရင်တော့ Enabled  ကိုရွေးပေးရင်ရပါတယ် ။


Floder Option ကိုဖျောက်ခြင်း ၊ ဖော်ခြင်း
Floder Option  ပြန်ဖော်ဖို့ နည်းလမ်းကတော့ ဒီလို ပါ ။
Star >> Run >> gpedit.msc  လို့  ရိုက်ပြီး Enter  နှိပ်ပါ ။ ပြီးရင် Administrative Templates >>  Windows Components >> Windows Explorer ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက
Remove the  Floder Option menu item from the tools Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေး ပြီး Apply  >> Ok ဆိုရင် ရပါပြီး ။ ဒါက Tool ထဲက Floder Option အတွက်ပဲဖြစ်ပါတယ် ။ Folder Option ကို ဖျောက်ထားချင်ရင်  Enabled ကိုရွေးလိုက်ရင် အိုကေသွားပါလိမ့်မယ် ။


Desktop Background ကို ပြောင်းလို့ မရအောင် ၊ ပြောင်းလို့ ရချင်ရင်
Desktop Background  ကို မပြောင်းစေချင်ရင် ကိုယ်အမြဲထားချင်တဲ့  ပုံကို အရင်ပြောင်ထားပါ ။ ပြီးရင် လို့ ရိုက်ပြီး နှိပ်ပါ ။ ပြီးရင် Start >> Run >> gpedit.msc လို့ ရိုက်ပြီး  Enter ကို နှိပ်ပါ ။ ပြီးရင် Administrative Templates >> Desktop >> Acitive Desktop ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Administrative Desktop Wallpaper ကို ကလစ်နှိပ်ပြီး Enabled ကိုရွေးပြီး  Wallpaper Name ဆိုတဲ့ နေရာမှာ တစ်ခုခုရိုက်ထည့်ပါ ။ ဥပမာ - အစက်တစ်စက်ဖြစ်ဖြစ်
ပြိးရင်  Apply  >> Ok  ဆိုရင် Desktop Background  ကို တခြားပုံ ပြောင်းလို့ မရတော့ပါဘူး ။ ပြန်ပြီးပြောင်းလို့ရချင်ရင် Not Configuard ကို ပြန်ရွေးပေးပါ ။


Registry ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Registry  ကို ပြန်ဖော်ခြင်း
Start >> Run >> gpedit.msc  လို့ရိုက်ပြီး  Enter နှိပ်ပါ ။ ပြီးရင် Administrative Templates >> System  ကို ကလစ်နှိပ်ပါ ။ ပြီးရင်  ညာဘက်အကွက်ထဲက Prevent Access to registry editing tools ကို ကလစ်နှိပ်ပြီး Disabled  ကို ရွေးပြီး Apply >> Ok    ဆိုရင် ရပါပြီ ။ ဖျောက်ထား ချင်ရင်တော့ Enabled  ကို ရွေးပေးပါ ။


Run Box ကို ဖျောက်ခြင် ၊ ဖော်ခြင်း
သူများတွေကို စချင်သူများအတွက် ကို ဖျောက်ထားချင် ဖော်ချင်ရင်  --
ကို ပြန်ဖော်ခြင်း
ဒီတစ်ခါတော့ Run Box  မှာ group policy   ကို ရိုက်မရတော့မှာ မဟုတ်ပါဘူး ။ Windows + R   နှိပ်လည်း မရတော့ဘူး ။ Run Box  ဖျောက်ထားတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ် ။ အဲဒီတော့ ဒီနည်းလမ်းလေးနဲ့ သွားကြည့်ရအောင် ။
My computer  >> Drive( c)  >> windows >> System 32 >> gpedit.msc ဆိုတာကိုတော့ တွေ့ အောင်ရှာပြီးဖွင့်ပါ ။ ပြီးရင်တော့ Administrative Templates >>   Start Menu and Taskbar  ကို ကလစ်နှိပ်ပြီး ညာဘက်အကွက်ထဲက Remove Run Menu  From Start Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေးပြီး Apply  >> Ok  ဆိုပြန်ပေါ်လာပါတယ် ။ Run Box  ကို ဖျောက်ထားချင်ရင် Enabled ကိုေ၇ွးပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ် ။
အားလုံးပဲကွန်ပျူတာကို ဒီထက်ပိုမိုကလိနိုင်ကြပါစေနော် ။

Net Guide Journal  ( 18 JUNE 2011 ) ထုတ်မှ စာရိုက်မျှဝေပေးခြင်း ။
အမျိုးအစား/ကဏ္ဍ: နည်းပညာ

မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက

ကြယ်ကလေး

ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေး(ကြယ်စင်)တငိသွင်းသောလဘလာ့လေးပါ

ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။

အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။

ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့

၁) gttask
၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ

၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်

၁) Start မှ Run ကို ရွေးပါ။
၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။

လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃) Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။

၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။ ၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။

၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။

၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။
အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။
ဒီဘလော့လေးကို (ကြယ်စင်)မှ တင်သွားခဲ့တာပါ ကွန်မကောင်းသဖြင့်  မေးမှတဆင့် အကူညီတောင်းတင်ပေးရန်တောင်ဆိုသဖြင့် တင်သွင်းပေးလိုက်ရပါတယ်
ကြယ်စင်အိမ်သို့ ကွန်မန်းပေးရန်နေရာ
အမျိုးအစား: နည်းပညာ

(Hard Drive)ပျက်စီးခြင်းမှကာကွယ်နိုင်မည့်အချက်(၁၀)ချက်

(Hard Drive)ပျက်စီးခြင်းမှကာကွယ်နိုင်မည့်အချက်(၁၀)ချက်

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။

OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။
ကျွန်တော့ချစ်သူငယ်ချင်းများအားလုံးအသုံးဝင်မယ်လို့ ထင်ပါတယ်                                                                                                                                  လေစားစွာဖြင့်
                                                                                              Valentine Chocolate

Recycle Bin ကို မြန်မာလိုပြောင်းချင်သူများအတွက်ပါ

panlay

Recycle Bin ကို မြန်မာလိုပြောင်းချင်သူများအတွက်ပါ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်

ဒီဟာလေးကို သိပြီးသူတွေလည်းရှိမှာပါ..
မသိသေးသူတွေလည်း စမ်းသပ်ကြည့်ပေါ့....
Recycle Bin ကို Right click နှိပ်ပြီးတော့ Rename Change လို့မရပါဘူး...
Resource hacker software နဲ့ဖြစ်ဖြစ် ဒီနည်းနဲ့ပဲဖြစ်ဖြစ် Change လို့ ရတာကတော့ သေချာပါတယ်.. :D
ကျနော့်လို အားအားယားယား လက်ကမြင်းကြောထတတ်တဲ့ သူငယ်ချင်းများ အတွက် မျှဝေပေးလိုက်တာပါ...
ဒီဟာကို မကလိခင် Registry ကို Back up အရင် လုပ်ထားကြဖို့ ကြိုတင်သတိပေးထားပါရစေ >>>> ဘာလို့လဲဆိုတော့ ကျနော့်ကို မယုံလို့ပဲဖြစ်ဖြစ် .. ကိုယ့်ကိုယ်ကို မယုံလို့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် Registry ကို ကလိမယ်ဆိုရင် Back up အရင် လုပ်ထားကြပါ.. Registry က Windows ရဲ့ အသက်ပါပဲ.. တစ်ခုခု Error တက်သွားရင် Windows အသစ်ပြန်တင်နေရမှာစိုးလို့ သတိပေးတာပါ..။
ကဲ စပြီနော်..
၁. Start >>> Run
၂. Regedit လို့ Run ထဲမှာရိုက်တဲပြီး OK ပေး
၃.Left-pain window က HKEY_CURRENT_USER / Software / Microsoft / windows /
Current version / Explorer /CLSID ရောက်တဲ့အထိ + လေးတွေကို အဆင့်ဆင့်ဖြည်သွားပါ။
၎.အဲဒီမှာ 645ff040-5081 ဆိုတဲ့ key ကို Registry Editor ရဲ့ Left-pain window မှာ Select လုပ်လိုက်ရင်..
Right-pain window မှာ "Default" ဆိုတဲ့ နာမည်နဲ့ string value type key တစ်ခုကို တွေ့ပါလိမ့်မယ်။။
၅.အဲဒါကို Double click ပြီင်္း ပေါ်လာတဲ့ window ရဲ့ value data နေရာမှာ "အမှိုက်ပုံး" ဒါမှမဟုတ် မိမိနှစ်သက်ရာ စာသားကိုရိုက်ထည့်နိုင်ပါတယ်။ ပြီးရင်တော့ OK နှိပ်ပြီး Desktop ပေါ်မှာ Refresh လုပ်လိုက်ပါ။
(value data နေရာမှာ မြန်မာဖောင့် ကို လေးထောင့်တုံးတွေ အနေနဲ့ပဲ မြင်ရပေမယ့် Desktop ပေါ်က Recycle Bin ကတော့ တကယ့် "အမှိုက်ပုံး" ဘ၀ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်...ဟိဟိ။

နည်းပညာလေးပါ

ကိုင်းအားလုံးကိုပျော်ရွှင်စေအောင် နည်းပညာလေးတစ်ခုမျှဝေမယ်နော် အပျော်သဘောပါ မသိတဲ့သူတွေလည်း တော်တော်များများကို ရှိမယ်ထင်ပါတယ် Run ကိုသိကြလားမသိဘူးနော် (Win+R) နှိပ်လိုက်ရင် Run Box လေးကျလာပါတယ် အိုက်နားမှာ ကိုလိုခြင်တဲ့ Program တစ်ခုကို ဖွင့်ကြည့်လို့ရတယ် ဆိုတာကိုကော သိကြမှာပါ ဒါပေမယ့် အခုပြောတဲ့ ဟာလေးက ကျွန်တော် တောင်မနေ့တစ်နေ့ကမှ သိလိုက်ရပါတယ် အားလုံးကို သိစေခြင်တာနဲ့ မျှဝေလိုက်ပါတယ် ထိပ်ဆုံး Win+R ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Start >> Run ကိုနှိပ်လိုက်ပါ ပီးတော့ အစက်လေးတစ်စက် . ကိုနှိပ်ထည့်လိုက်ပါ ပီးတော့ Enter ကိုနှိပ်လိုက်ပါ ဘာထူးခြားမလည်းဆိုတာ
အစက်တစ်စက် . Home Directory သို့ရောက်သွားပါတယ်
အစက်လေးနှစ်စက် .. User Directory သို့ရောက်သွားပါတယ်
အစက်လေးသုံးစက် ... My Computer သို့ရောက်သွားပါတယ် အစက်ကလေး သုံးစက်ထပ်ပိုသွားရင်တော့ My Computer ပဲပွင့်မှာဖြစ်ပါတယ်
ဘက်စလက် \ SystemDrive ထဲသို့ရောက်သွားပါတယ် အားလုံးပဲ လွယ်လွယ် ကူကူ အသုံးပြုနိုင်ကြပါစေဗျာ

Sunday, 23 October 2011

သင့်ကွန်ပြူတာ..အကြောင်းအသေးစိတ်သိဖို့ရန်အတွက်

Online Crazy

သင့်ကွန်ပြူတာ..အကြောင်းအသေးစိတ်သိဖို့ရန်အတွက်...Shows all the hardware and software installed on yo

...ဒီလိုဆော့ဝဲတွေက..အများကြီးရှိတာပါ...ဒါပေမယ့်...ဒီလောက်တော့စိတ်ကြိုက်မတွေ့ဘူးဗျ
ဒီဆော့ဝဲက...ကွန်ပြူတာတစ်လုံးကို..အသေးစိတ်ပြပေးတဲ့အပြင်..လုံခြုံမှုရှိမရှိပါစစ်ဆေးပေးတယ်
သင့်...ဟတ်ဝဲတွေကို..မှန်ကန်စွာ..ဖေါ်ပြပေးတဲ့အပြင်..တင်ထားသမျှ ဆော့ဝဲတွေကို.ဗာရှင်းကအစ
အသေးစိတ်ဖေါ်ပြပေးပါတယ်...ဒါတင်ပဲလားဆိုတော့..မကသေးပါဘူး..ကွန်ပြူတာနဲ့ချိတ်ဆက်ထားတဲ့
ကွန်ယက်တွေ...IP တွေပါဖေါ်ပြပြီး...ကွန်ပြူတာ..လုံခြုံမှုရှိမရှိပါစစ်ဆေးပေးပါတယ်

   ဒီဆော့ဝဲသုံးခြင်းအားဖြင့်..သင့်ကွန်ပြူတာကောင်းမကောင်း..တခြားတယောက်ရဲ့ကွန်ပြူတာက
ဘာတွေကွာခြားလို့ကောင်းတာလည်း..မကောင်းတာလည်း...ကုမ္ပဏီများ...ရုံးများ..ကွန်ပြူတာဆိုင်တွေကလည်း
ကိုယ့် လိုကယ်ဧရိယာ အတွင်းမှာ..ဘယ်သူတွေကွန်ပြူတာဖွင့်ထားတယ်..သူ့ IP ကဘယ်လောက်လည်း
အင်တာနက်ပေါ်တက်နေလား..ကွန်ပြူတာဆိုင်တွေ ကလည်း ကိုယ်လိုင်းကို ဘယ်သူတွေ ခိုးသုံးနေလည်း
လက်ရှိသုံးနေတဲ့သူ ဘယ်နှစ်ယောက်ရှိလည်း စသဖြင့်  လိုင်းချိတ်ဆက်ထားတဲ့ ဘယ်ကွန်ပြူတာကနေမဆို
ထောက်လှမ်းကြည့်ရှု နိုင်ပါတယ်ဗျာ...ဆိုင်မှာသုံးနေတဲ့သူများကလည်း.ဒီဆာ့ဝဲသုံးပြီး ..
ဒီဆိုင်က စက်ဘယ်နှစ်လုံးရှိပြီးဘယ်သူတွေကိုပေးထားသေးလည်း...သူဆာဖာက ဘယ်စက်လည်း
နာမည်ကဘာလည်း..စသဖြင့်ဖေါ်ပြပေးပါတယ်...စမ်းသာကြည့်လိုက်ဗျာ...
ဒါကိုကလစ်ပြီးစောင့်နေလိုက်ပါဗျ


<internetchitthulay4@gmail.com>




မိမိသုံးနေသော Computer ကို မြန်မြန်လေး သုံးကြမယ် ..

တင် မိမိ သုံးနေသော ကွန်ပျူတာကို ပို၍မြန်ဆန်စွာ အသုံးပြုနိုင်ဖို့
အတွက်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်လက်တွေ့အသုံးပြု
နေတဲ့နည်းလေးကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

ကွန်ပျူတာသုံးသော မိတ်ဆွေအတွက်အဓိက ပြသာနာ တစ်ခုက
ဖိုင်တစ်ခုခု ဖွင့်ရင် အရမ်းကြာနေ၍ စောင့်ရတာမျိုးတွေ ရှိနေတတ်
ကြပါတယ်။ သားတို့တွေက လူငယ်တွေဆိုတော့ ဘာကိုမှ မစောင့်ချင်
ဒါမျိုးဆို စိတ်ကတိုရော ... ဘယ်သူမှ မစောင့်ချင်ကြဘူးနော်။

ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါ့မယ်။ မိမိသုံးနေတဲ့
ကွန်ပျူတာကို မြန်ဆန်လာဖို့အတွက် Hard Disk ကိုတစ်လတစ်ခါ
လောက်တော့ Defrag လုပ်ရပါတယ်။ တကယ်တော့ Data ဝင်ယူနေတဲ့
နေရာနဲ့ Data မရှိတဲ့နေရာလွတ်တွေကို စနစ်တကျဖြစ်အောင် ပြန်စီတာပဲ
ဖြစ်တယ်။ ဒီလိုလုပ်လိုက် စီလိုက်ရင် ကွန်ပျူတာကို အသုံးပြုရတာပိုပြီး
မြန်ဆန်လာမှာ ဖြစ်ပါတယ်။

ကဲ ... ဘယ်လိုလုပ်ရမလဲ ... လက်တွေ့ပုံလေးတွေနဲ့
လေ့လာရအောင် ...


1: Start ကိုနှိပ်လိုက်ပါ။

2: Control Panel



3: Perfomance Information and Tools



4: Advanced tools



5: Open Disk Defragmenter တစ်ချက်နှိပ်လိုက်ပါ။



6: Hard Disk (C:) ကိုအရင်စစ်ရအောင်

အောက်က ပုံစံလေး ပေါ်လာနေပါပြီ။ Defrag မလုပ်ခင်မှာ
Analyze Disk နဲ့ Hard Disk လေးကိုတစ်ချက် နှိပ်ပြီး အရင်
ဆုံးစစ်ဆေးရပါတယ်။



ခဏလေး ကြာရင် Defagment Disk လေးကိုတစ်ချက်နှိပ်ပြီး
စောင့်နေလိုက်ပါ။ မိနစ်အနည်းငယ် ကြာလိမ့်မည်။

အောက်က ပုံလေးက Defagment Disk လုပ်နေတဲ့
ပုံလေးဖြစ်ပါတယ်။



Hard Disk (C:) စစ်ပြီးသွားပြီဆိုရင်
Hard Disk (D:) ကိုလည်း ခုနာက ပြောထားအတိုင်း
ဆက်လက်စစ်လိုက်ပါ။ (E:) ကိုလည်းစစ်လိုက်ပါ။

အားလုံးစစ်ပြီးသွားပြီဆိုရင် မိမိဘယ်နေ့က Defrag တွေကိုစစ်ထားလဲ
ဆိုတာနေ့ရက် ၊ အချိန်တွေကို ကြည့်လိုက်ပါ။ Last Run အောက်မှာ
ဖော်ပြထားပါတယ်။ သေချာအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါ။



ကဲ ... အားလုံးပြီးသွားပါပြီး Close ကိုပိတ်လိုက်ပါ။
အောက်က နောက်ထပ် တစ်နည်းကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

နောက်တစ်နည်းဖြစ်တဲ့ မိမိကွန်ပျူတာ စက်ထဲက အမှိုက်တွေရှင်းတဲ့
နည်းလေးကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၄)နည်းကို ပြောပြပါမယ်။
သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေ
အတွက်ကတော့ အကျိုးရှိမှာ သေချာပါတယ်။

ပထမဆုံး လုပ်ဆောင်ရမှာက

( Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။ အဲဒီ Run box လေးပေါ်လာလိမ့်မယ်။
( မိမိ ကွန်ပျူတာတွင် Window ပုံလေးနှင့် R ကို နှိပ်ပါ။ တစ်ခါတည်း
အတူတူ နှိပ်ပါ။ Run box လေးပေါ်လာလိမ့်မည်။ )

1: Temp ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
2: %temp% ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
3: Prefetch ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
4: Recent ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

ဘာမှမကြောက်ပါနဲ့ ရဲရဲသာ ဖျက်လိုက်ပါ။ မိမိရဲ့ဖိုင်တွေတစ်ခုမှ မပါသွားပါဘူး။
မိမိ သုံးထားတဲ့ အမှိုက်တွေကို ဖျက်ပေးတာပါ။

ခဏလေး ပြောစရာတစ်ခု ကျန်သေးတယ်။ Recycle Bin ( အမှိုက်ပုံး )ထဲ က အမှိုက်တွေ
ကို ဖျက်လိုက်ဦးနော်။ ပြီးရင် Computer Restart လုပ်လိုက်ပါ။

ကဲ .... ဘယ်လိုလဲ ကွန်ပျူတာ မြန်သွားပြီ မဟုတ်လား ...
နောက်ဆို တစ်လတစ်ခါလောက်တော့ ဒီပုံစံအတိုင်း လုပ်ပေးပါနော်။
ဒါဆို ကွန်ပျူတာသုံးတိုင်း ဖိုင်တွေဖွင့်တိုင်း မြန်မြန်ဆန်ဆန် လေးနဲ့
လန်းလန်းလေး သုံးရပြီပေါ့ဗျာ။
ကျေနပ်တယ်ဟုတ် ........

ပြည့်

ကြီုးစားလျှက်

နေဇော်လင်း

အမျိုးအစား: နည်းပညာ

1 comment:

  1. The Emperor Casino - Shootercasino
    The Emperor Casino offers over 200 slots, 50 table games, live หาเงินออนไลน์ games, a 제왕카지노 casino-style gambling establishment, It's not a febcasino gaming hotel, it is the only casino

    ReplyDelete