ADSL လိုအပ်သောပစ္စည်းများ နှင့် တပ်ဆင်ပုံ (Equipments)
အဓိကလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ISP ကပဲရောင်းချပေးမှာပါ၊ ဒါပေမယ် အသုံးပြုသူ အနေနဲ့ အသုံးပြုတဲ့ Equipments တွေနဲ့ တပ်ဆင်ပုံအကြမ်းဖျဉ်းကို သိထားသင့်ပါတယ်၊လိုအပ်သောပစ္စည်းများကတော့
- ADSL Modem (or) ADSL CPE
- Splitter တို့ဖြစ်ပါတယ်
ADSL Modem ကတော့သိပြီးဖြစ်မှာပါ..DSL connection ရဖို့ပေါ့၊ Splitter က ပုံမှန် တယ်လီဖုံးလိုင်းနဲ့ DSL data or internet လိုင်းကိုခွဲပေးဖို့ဖြစ်ပါတယ်၊ တချို့ modem တွေမှာ Splitter တပါတည်းပါတတ်ပါတယ်၊ တချို့ modem တွေကတော့ splitter သတ်သတ် modem ကသတ်သတ်ပါ၊ အရေးကြီးတာ တခုက splitter မှာ အဝင်ဖုံလိုင်း၊ ဖုံးဟင်းဆက် တပ်ဆင်ဖို့နဲ့ မိုဒမ်တပ်ဆင်ရမယ့်အပေါက်တွေကို သေချာရေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်၊
အောက်မှ ADSL modem နဲ့ Splitter နမူနာများ ပြထားပါတယ်၊



Fig-2 အသုံးများသော ADSL Modem များ



Fig-3 ADSL Splitter များ
No comments:
Post a Comment