Android Application ရေးနည်း (၁)
- (၁) Android SDK ကို ဒီမှာယူပါ။
- (၂) Eclipse ကိုဒီမှာယူပါ။
- (၃) (အင်တာနတ်ဖွင့်ထားပြီး) installer_r20.0.1-windows.exe ကို run ပါ။ Next တွေကိုသာနှိပ်သွားပါ။
- Install just for me ကို ရွေးပြီး Next ကို click ပါ။
- Destination floder မှာ ကိုယ့် application တွေသိမ်းမယ့်နေရာကို Browse ကနေရွေးပေးပါ။
- Install ကို click ပါ။
- Next ကို click ပါ။
- ဒီတစ်ခါတော့ Finish ကိုနှိပ်ပါ။
- (၄) Tools နဲ့ Android 4.1 ကို check လုပ်ပြီး Install * packages ကိုရွေးပါ။ (* = ကိုယ်ရွေးထားတဲ့ package အရေအတွက်) (ဒီအဆင့်ဟာအတော်ကြာတဲ့အတွက် လောလောဆယ်မလုပ်နိုင်သေးလည်း ထားလိုက်ပြီး သင်ခန်းစာတွေကိုလိုက်လုပ်နိုင်ပါတယ်။)
- (၅) eclipse-mobile-juno-win32.zip ကို unzip လုပ်ပြီး eclipse ဆိုတဲ့ဖိုဒါကို D drive အောက်မှာထားပါ။ (ဘယ်မှာမဆိုထားလို့ရပေမယ့် D drive အောက်မှာထားခြင်းဟာ ကောင်းတဲ့အလေ့အထတစ်ခုပါ။ D drive မရှိသူများ ကြိုက်တဲ့နေရာမှာထားပါ။)
- (၆) eclipse ဖိုဒါထဲက eclipse ဆိုတဲ့ အပြာရောင်လုံးလေးကို double click လုပ်လိုက်ပါ။
- (၇) Wordspace မှာ ကိုယ် ရေးမယ့် application တွေကိုဘယ်မှာသိမ်းမယ်ဆိုတာရွေးပေးပြီး OK ကို click ပါ။
- (၈) ဒီတစ်ခါ Android Developer Tools (ADT) plug-in ကိုထည့်ရပါမယ်။
- Help>Install New Software…>
- Add ကို click ပါ။
- Name မှာ ADT Plugin, Loaction မှာ https://dl-ssl.google.com/android/eclipse/ ရေးပြီး Ok လုပ်ပါ။
- Developer Tools ကိုရွေးပြီး Next လုပ်ပါ။
- I accept… ကိုရွေးပြီး Finish ကို click ပါ။
- Connection ပေါ်မူတည်ပြီး အချိန်ကြာတတ်ပါသည်။
- ဒါဆိုရင် မိမိကွန်ပျူတာမှာ android application ရေးဘို့ software ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုများပြီးဆုံးပါပြီ။
No comments:
Post a Comment