ခုတလော ညအိပ်လို့ မရတာ အတော်ကြာပြီ
အတော်ကြာဆို Myanmarmobileapp မှာ
မိတ်ဆွေ သူငယ်ချင်းတွေ တောင်းဆိုသမျှတွေကို
ကိုယ်သိသလောက် တက်သလောက် မှတ်မိသလောက်
ပြန်လည် ဝေမျှရင်းနဲ့ ပိုစ်တစ်ခု တင်ရင် အချိန်က အနည်းဆုံး
၃ နာရီလောက်ပေးရပါတယ်..
တစ်ခါတလေ ဟိုရေး ဒီရေး ဟိုဟာတင် ဒီဟာတင် နဲ့
မနက် သုံးနာရီကို ထိုးရော အိပ်ရေးပျက်လို့ မျက်ကွင်းတွေလဲချောင်..
အဲ့..
ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ..


Galaxy Tab 2 7″ ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေးလိုက်ပါတယ်
အရင်လိုပဲ အဆင့် တစ်ဆင့်ချင်း ပြသပေးမှာ ဖြစ်လို့ ခေါင်းနောက်စရာတော့ ကြုံရမှာမဟုတ်ပါဘူး။
ကဲ စမယ်…
Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ
တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။
Samsung Galaxy Tab 2 (GT-P3100) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P3110) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5110) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P3113) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5100) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5113) | Download ROMs | 6.0.1.1 |
ATTACHED FILES
![]() |
Fix-Recovery.zip - [Click for QR Code] (144.7 KB, 5592 views) |
![]() |
cwm-root-gtab2.zip - [Click for QR Code] (1.22 MB, 4722 views) |
1. လိုအပ်တဲ့ Clock Work Mod recovery ကိုရွေးချယ် Download ဆွဲပါ။ (ဥပမာ - P3100 – 6.0.1.0: Download)
2. ပြီးတော့ cwm-root-gtab2.zip ကို Download ဆွဲ၍ external sdcard ထဲသို့ ထည့်ပါ။
3. ထပ်ပြီး Fix-Recovery ဖိုင်ကိုလဲ external sdcard ထဲသို့ ထည့်ပါ။
4. ဖုန်းကိုပါဝါပိတ်ပါ။
5. Download-Mode ကို ၀င်ဖို့အတွက် (Power+Vol Down) ကိုနှိပ်ပြီး Download-Mode ကိုရှေ့ဆက်ရန်အတွက် Vol Up ကိုနှိပ်ပါ။
(အောက်ပါ ပုံအတိုင်းပါ)

6. Odin ကို ဖွင့်ပါ။
(အောက်ပါပုံအတိုင်းပါ)

7. PDA ကနေပြီးတော့ သင် Download ဆွဲထားတဲ့ သက်ဆိုင်သော Root.tar ဖိုင်လေးကို
“GT-P31XX_ClockworkMod-Recovery_X.X.X.X.tar” ဆွဲယူထည့်လိုက်ပါ။
8. Tab2 နဲ့ ကွန်ပြုတာကို ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ ပထမ အကွက်လေးမှာ မီးလေး ၀ါသွားရင် စတင် ချိတ်မိသွားပါပြီ။
9. Reset Time နှင့် Auto Reboot တို့ကို အမှန်ဖြုတ်ထားပါ အထပ်ပါ Odin ပုံလေးထဲက အတိုင်းပါပဲ။
10. ပြီးရင်တော့ Start ကို နှိပ်ပါ။
(အောက်ပါပုံအတိုင်းပါ)

10. PASS, ဖြစ်သွားရင်တော့ usb cable ကြိုးကို ဖြုတ်ပြီး
Vol Up + Power နှိပ်ပါ Samsung Galaxy Tab screen ပေါ်လာခဲ့ရင် power button ကိုလွှတ်လိုက်ပြီး Vol Up ကိုဆက်နှိပ်ထားပါ။
(အောက်ပါ ပုံအတိုင်းပါ)

11. အခုဆို CWM recovery ထဲရောက်သွားပြီ ဖြစ်လို့ fix recovery နှင့် cwm-root တွေကို အသီးသီး Install လုပ်ပေးလိုက်ပါ။
12. ပြီးရင်တော့ reboot system now ကိုနှိပ်ပြီး Reset ချလိုက်ပါ Power ပြန်တက်လာရင် Root ပြီးသားဖြစ်နေမှာပါ။

အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ…
ပိုစ်လေး တစ်ခုရေးဖို့ အချိန်တွေ ပေးခဲ့တယ် အဲ့ဒီ အချိန်လေးတွေအတွက်
ဒီပိုစ်လေးကို အသုံးပြုပြီး ပျော်ရွှင်ရမယ့် သင်တို့ စိတ်ကလေးတွေအတွက်
ကျွန်တော်လဲ ပြန်လည်ပျော်ရွှင်ရပါတယ်..
Thit San Khant
thitsankhant@gmail.com
PH 09 421016108
မူရင်း - xda-developers အား ပြန်ဆိုပါသည်။
Blog မှာ အကူညီတောင်းနေလို့ ကူးယူမျှဝေပေးလိုက်ပါတယ်ခင်မျာ.... ကျေးဇူးအများကြီးတင်ပါတယ်....:)
ReplyDeleteကျေးဇူးအထူးတင်ပါကြောင်း
ReplyDeleteဘယ်လိုဖြစ်တယ်မသိဘူးဗျာ အဆင့် ၇ ထိပဲအိုခေတယ်။ ကွန်ပြူတာနှင့် တက်ပလက်ကို connect လုပ်လိုက်တဲ့အခါ မချိတ်ဆက်မိဘူးဗျာ ပထမအကွက်မှာ မီးဝါတဲ့အဆင့်ကိုမရောက်တော့ဘူးဗျာ
ReplyDeletegt 3100 ကိုလည်းမှန်ကန်အောင်ဒေါင်းထားသားပါပဲ
သုံးရက်ရှိပြီဗျာ
အကြံပေးစေချင်ပါတယ်ခင်ဗျ
လင့် တစ်ခု သေနေတယ်
ReplyDelete