အိမ်သုံး WiFi ကွန်ယက်တစ်ခုတည်ဆောက်ကြည့်ခြင်း
သင်၏ အိမ်တွင် Broadband Internet
Connection တစ်ခုအသုံးပြုထားပြီး သင်၏ note book ကွန်ပျူတာတွင်ပါရှိသော
WLAN ကဒ် ကိုအသုံးပြုကာ WiFi network ချိတ်ဆက်ကာ internet
အသုံးပြုချင်လျှင်ဖြင့် wireless-G Broadband Router
တစ်လုံးဝယ်ယူယုံမျှဖြင့် စမတ်ကျကျ အသုံးပြုနိုင်ပါလိမ့်မည်။
၁။ပထမဦးစွာ Linksys wireless-G Broadband Router (WRT-54G) တစ်လုံးကို ၆၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူပါ။
၂။ ISP မှ သင့်ထံပေးထားသော
စာရွက်စာတမ်းများထဲမှ network ဆိုင်ရာအချက်အလက်တို့ကို ဖတ်ရှုပြီး host
& gateway တို့၏ static ip address များရှိပါက စာရွက်အလွတ်တစ်ခုပေါ်တွင်
မှတ်သားပါ။ static ip များပေးမထားဘဲ DHCP ကို အသုံးပြုထားပါက DHCP ကို
အသုံးပြုထားကြောင်း၊ pppoe ကို အသုံးပြုထားလျှင်လည်း အသုံးပြုထားကြောင်း
သင်သိရှိဖို့လိုပါတယ်။ သို့မှသာ သင်သည် Internet
ကိုကောင်းစွာချိတ်ဆက်မိပါလိမ့်မည်။
( မှတ်ချက်။ ။ Bagan Cyber Tech မှ
Broadband , ADSL, iPSTAR တို့မှဆိုလျှင် static ip ရရှိမည်ဖြစ်ပြီး၊ WiMAX
ကို ချိတ်ဆက်ထားပါက DHCP ကို အသုံးပြုထားသည်။ မြန်မာ့ဆက်သွယ်ရေးမှ
တပ်ဆင်ပေးသော ADSL ကို ချိတ်ဆက်တပ်ဆင်ထားပါက PPOE ကိုအသုံးပြုထားပါမည်။)
လိုအပ်သော
အချက်အလက်များစုဆောင်းပြီးပြီဆိုလျှင်ဖြင့် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ
ကွန်ယက်ချိတ်ဆက်ဖို့အတွက် ပြုလုပ်ရပါမည်။ ISP မှ ရယူထားသော internet
connection ပေါ်မူတည်၍ အနည်းငယ်ကွဲပြားခြားနားပါမည်။
မြန်မာပြည်တွင်ချိတ်ဆက်နိုင်သော connection များဖြင့်
ချိတ်ဆက်ပြသသွားပါမည်။
၂-၁။ Wireless Broad band Connection ဖြင့် ချိတ်ဆက်ခြင်း၂-၂။ Bagan Cyber Tech မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၃။ MPT မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၄။ iPSTAR satellite Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၅။ WiMAX Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၃။ Wireless Broad band Connection / Bagan Cyber Tech မှ ADSL Broad band Connection / iPSTAR satellite Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
Broad band indoor unit ၏ RJ45 Ethernet
port နှင့် WiFi Router ရှိ internet ဟု ရေးထားသော RJ45 Ethernet port
တို့ကို UTP cross ကြိုးဖြင့် ချိတ်ဆက်ပါ။ router configuration
ပြုလုပ်နိုင်ရန်အတွက် router ရှိ LAN အတွက် ပေးထားသော RJ45 Ethernet port
နှင့် သင့် desktop သို့မဟုတ် laptop computer ၏ RJ45 Ethernet port
တို့ကို UTP straight ကြိုးဖြင့် ချိတ်ဆက်ပါ။ အရေးကြီးဆုံးအချက်မှာ router
configuration နှင့် management ပြုလုပ်ရာတွင် မည်သည့်အခါမှ Wireless
connection အသုံးပြု၍ မလုပ်ရပါ။ router ကို power adapter နှင့် ဆက်ပါ။
router, broad band connection, computer များကို ဖွင့်ပါ။
၃-၁။ သင်၏ router management လုပ်မည့် computer ၏ LAN setting ကို အောက်ပါအတိုင်းထား ထားပါ။
၃-၂။ Internet explorer ကို ဖွင့်ပါ။
၃-၃။ Address Bar တွင် 192.168.1.1 ဟု ရိုက်ထည့်ပါ။

Log on popup menu ပေါ်လာပါမည်။ မပေါ်လာပါက Browser မှ ‘popup blocker’ option ကို ပိတ်ပြစ်၍ တဖန် ပြန်လည်လုပ်ကြည့်ပါ။
၃-၄။ Log on page တက်လာပါလျှင် user name နေရာတွင် ချန်လှပ်ထားခဲ့ပြီး password နေရာတွင် default password ဖြစ်သော admin ကို ရိုက်ထည့်ပါ။

Basic Setup page တက်လာပါမည်။

၃-၅။ Internet အသုံးပြုနိုင်ရန်အတွက် အထက်ပါ default setting များကို အောက်ပါအတိုင်းပြင်ယူပါမည်။
Internet connection Type ကို static IP
ပြောင်းပါ။ ကျနော်၏ broad band သည် Bagan cyber tech ISP မှ ရယူထားသဖြင့်
unit ip address , gate way နှင့် DNS တို့ကိုအောက်ပါအတိုင်း ထည့်သွင်းကာ
router name ကို THANT FAMILY ဟု ပြောင်းလဲပစ်ပါမည်။
DHCP Server ကို enable လုပ်ပါ။ DHCP user အရေအတွက်ကို 50 ထားပါ။Time setting ကို default အတိုင်းထားပါ။

အထက်ပါ အချက်အလက်များကို ထည့်သွင်းပြီးသွားလျှင် Save Setting ကို click လုပ်၍ သိမ်းဆည်းပါ။

Continue button ကို click လုပ်ပါ။
အခြေခံအားဖြင့် Ethernet connection နှင့် internet ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။
၎။ Basic Wireless Setting ကို ပြင်ဆင်ခြင်း
၎-၁။ Wireless menu ကို click ပါ။
၎င်းမှ Basic Wireless Setting တွင် အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။

၎-၂။ Wireless Network Mode တွင် 802.11b နှင့် 802.11g ပစ္စည်းနှစ်မျိုးစလုံး အသုံးပြုနိုင်ရန် Mixed mode တွင်ထားရှိပါမည်။
၎-၃။ Wireless Network Name (SSID): ကို linksys မှ iHOTSPOT သို့ပြောင်းလဲပစ်ပါမည်။
၎-၄။ Wireless channel ကို 11-2.462 GHz တွင်သာ ထားရှိပါ။
၎-၅။ Wireless SSID Broadcast setting ကို Enable လုပ်ထားပါ။
(Linksys router တွင် Secure Easy Setup function (SES) ပါရှိသော်လည်း တခြား အမှတ်တံဆိပ် router များတွင်မပါရှိသောကြောင့် ယှေဘူယ ကျသော setting များကိုသာ ပေးသွားပါမည်။)
၅။ Wireless Security ကို ပြင်ဆင်ခြင်း
Default အနေဖြင့် Wireless Security ကို Disable လုပ်ထားပါတယ်။

၅-၁။ Wireless Security mode ကို WEP တွင် ထားပါ။

အောက်ပါအတိုင်းပေါ်လာပါမည်။

၅-၂။ WEP Encryption ကို 128 Bits hex digits သို့ ပြောင်းလဲပေးပါ။
၅-၃။ Passphrae: တွင် iHOTSPOT ဟု ရိုက်ထည့်ပါ။ ပြီးလျှင် Generate လုပ်ပါ။
အောက်ပါအတိုင်း WEP key များပေါ်လာပါမည်။

ပြီးသွားလျှင် Save Setting ကို click လုပ်၍ သိမ်းဆည်းပါ။

Continue button ကို click လုပ်ပါ။
အထက်ပါ လုပ်ဆောင်ချက် အဆင့်များကို လုပ်ဆောင်ပြီးလျှင် WiFi အသုံးပြုနိုင်သည့် Internet gateway router တစ်လုံးအဖြစ်သို့ ရောက်ရှိသွားပါပြီ။
၆။ Laptop computer မှ WLAN card ဖြင့် WiFi Router ကိုချိတ်ဆက်ခြင်း
၆-၁။ သင်၏ laptop computer မှ WLAN switch ကို on ပါ။
၆-၂။Task bar ပေါ်ရှိ Wireless icon ပေါ်တွင် point လုပ်ပြီး right click လုပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမည်။

၆-၃။ View Available Wireless Networks ကို click ပါ။
၆-၄။ Wireless network connection windows ပေါ်လာပါမည်။ ၎င်းတွင် iHOTSPOT ကို ရွေး၍ connect လုပ်ပါ။

၆-၅။ wireless detecting windows ပေါ်လာပြီး စတင်ချိတ်ဆက်ရန်ကြိုးစားပါတော့သည်။

၆-၆။ ပြီးလျှင် authentication ပြုလုပ်ရန်အတွက် WEP / WAP key များလာတောင်းပါမည်။
Network key တွင် WEP Key 1: ဖြစ်သော A29C0F0202DBDD02E382427C38 ကို ရိုက်ထည့်ပေးပါ။
Confirm network key တွင် လည်း ထို WEP Key ကိုထပ်မံရိုက်ထည့်ပေးပါ။

၆-၇။ မှန်ကန်စွာရိုက်ထည့်ပြီးပါက wireless network connection ချိတ်ဆက်သွားပါမည်။


ဒီအချိန်မှာတော့ သင်သည် သင်၏ laptop computer ဖြင့် စမတ်ကျကျ internet ကို wifi စနစ်ဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။
ထိုနည်းတူစွာ တခြား WiFi device ( PDA, Hand Phone, camera, printer ) များကိုလည်း အထက်ပါနည်းအတိုင်းချိတ်ဆက်အသုံးပြုနိုင်ပါမည်။
WiMAX Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
အဆင့် ၃-၅ ၏ Basic Setup page တွင် အောက်ပါအတိုင်း ပြင်ဆင်ထည့်သွင်းပေးပါ။ ကျန်သည့်အချက်များသည် အားလုံးအတူတူဖြစ်သည်။

MPT မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
အဆင့် ၃-၅ ၏ Basic Setup page တွင် အောက်ပါအတိုင်း ပြင်ဆင်ထည့်သွင်းပေးပါ။ ကျန်သည့်အချက်များသည် အားလုံးအတူတူဖြစ်သည်။

လေးစားစွာဖြင့်-
WiFi Connection ချိတ်ဆက်မှုကို ဖတ်လိုက်ရတဲ့အတွက် အများကြီး ဗဟုသုတ တိုးပွားပါတယ်---- ကျေးဇူးတင်ပါတယ်
ReplyDeleteနောက်ထပ် WiFi Zone မှ Internet Connection ကို တစ်ခြားတစ်နေရာမှ CPE ဗူးထောင်ပြီး ဖမ်ယူတဲ့နည်းကို ဆက်လက်ရေးပေးစေချင်ပါတယ် ---အထူးကျေးဇူးတင်ပါတယ်